ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ Instagram အကောင့်ဟာ ယမန်နေ့ က Folower သန်း ၂၀၀ ပြည့် သွားခဲ့ ပါတယ် ။ ဒါဟာ တကယ်ကို ကြီးမားတဲ့ ရယူမှု တစ်ခု ပါပဲ ။ ၂၀၁၀ ခုနှစ် မှာ စတင် ဖြန့်ဝေ ခဲ့တဲ့ Instagram ရဲ့ ၁၀ နှစ် သက်တမ်း အတွင်း မှာ ဒါဟာ အများဆုံး အရေ အတွက် ဖြစ်ခဲ့ ပါတယ် ။ အာရှ ဒေသ ဘက် မှာ Instagram စတင် အသုံးပြု သူတွေ များပြား လာချိန် မှာတော့ ရိုနယ်ဒို ဟာ သန်း ၂၀၀ ကျော်တဲ့ တပ်ဖွဲ့ကြီး တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့ ပါပြီ ။

ဒါတင်မက သေးပါဘူး ။ ရိုနယ်ဒို ဟာ ဆိုရှယ် မီဒီယာ ပလက်ဖောင်းကြီး တွေဖြစ်တဲ့ Facebook, Twitter တို့ မှာ လည်း ပရိသတ် သန်းပေါင်းများစွာ ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒီလောက်များပြားလွန်းတဲ့ အရေ အတွက် ကို ပေါင်းစည်း လိုက်မယ် ဆိုရင် ဘာတွေ ဖြစ်မလဲ . . . ရိုနယ်ဒို သာ နိုင်ငံ တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်ရော . . .

၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းမှာ ကောက်ခံ ခဲ့တဲ့ စစ်တမ်း အရ တရုတ် နိုင်ငံ ဟာ ကမ္ဘာ ပေါ် မှာ လူဦးရေ အများဆုံး နိုင်ငံ အဖြစ် တည်ရှိ နေ ပါတယ် ။ ကျွန်တော် တို့ရဲ့ မြောက် အရပ် က ပေါက်ဖော်ကြီး ဟာ အင်အား ၁.၄ ဘီလီယံ ရှိပြီး ကမ္ဘာ့ လူဦးရေ ရဲ့ 7 ပုံ ၁ ပုံ ကျော် ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ငယ်ငယ် တုန်းက ရာဇဝင် စာအုပ်တွေ ထဲ မှာ တရုတ် ပြည်က ချီလာတဲ့ စစ်သည်တွေ အင်အား အရမ်း များကြောင်း ကို ဖွဲ့ဆို ထားတာ တွေ တွေ့ဖူး ကြမယ် ထင် ပါတယ် ။ တကယ်လည်း ဖြစ်နိုင်လောက် တာပါပဲ ။

တရုတ် နိုင်ငံ ရဲ့ နောက် မှာတော့ အိန္ဒိယနိုင်ငံ က ဒုတိယ လူဦးရေ အများဆုံး နိုင်ငံ အဖြစ် ရပ်တည် နေပါတယ် ။ အဘိုင် တို့ ရဲ့ လူဦးရေ ပေါက်ဖွားမှု နှုန်း ဟာ လည်း ပေါက်ဖော်ကြီးတို့ နဲ့ အပြိုင် လိုက်နေပြီး ၁.၃၅ ဘီလီယံ အထိ ရှိ နေခဲ့ ပါတယ် ။ တစ်မြို့ ကနေ တစ်မြို့ ကို သွားလာတဲ့ မီးရထားတွေ ပေါ်မှာ အစုလိုက် အပြုံလိုက် ဖြစ်နေတဲ့ လူတွေ ကို မြင်ဖူးကြတယ်မလား . . . သေချာ ပါတယ် ၊ အဲ့ဒါ အိန္ဒိယမှာပဲ ရှိတာပါ ။

တတိယ နေရာ မှာတော့ မကြာသေးခင် က မှ UAV တွေ သုံးပြီး အရှေ့ အလယ် ပိုင်း ကို ၀င်သောင်းကျန်း ခဲ့တဲ့ မစ္စတာ ထရမ့် ရဲ့ အမေရိကန် နိုင်ငံ က ရပ်တည် နေပါတယ် ။ ပြည်နယ်ပေါင်း ၅၀ ကျော် ရှိတဲ့ အမေရိကန် နိုင်ငံ ဟာ ကမ္ဘာ ပေါ်မှာ လူဦးရေ သန်း ၃၂၀ ကျော် နေထိုင် ကြပြီး အတိုးတက် အဖွံ့ဖြိုးဆုံး နိုင်ငံ အဖြစ် တည်ရှိ နေခဲ့ ပါတယ် ။

အမေရိကန် ရဲ့ နောက် မှာတော့ အင်ဒိုနီးရှား နိုင်ငံ က အရှေ့တောင် အာရှ အတွက် ဂုဏ်ယူ စရာ အဖြစ် နဲ့ ရပ်တည် နေပါတယ် ။ ကျွန်းပေါင်း ထောင်ချီ ဖွဲ့စည်းထားပြီး သာယာ လှပတဲ့ ဒီနိုင်ငံ မှာ လူဦးရေ သန်း 270 နီးပါး နေထိုင်ကြတယ်လို့ သိရ ပါတယ် ။ အဲ့ဒီနောက် မှာတော့ ပါကစ္စတန် ၊ ဘရာဇီး ၊ နိုက်ဂျီးရီးယား ၊ ဘင်္ဂလာဒေ့ရှ် ၊ ရုရှ နဲ့ မက္ကဆီကို တို့ က Top Ten List မှာ အစဉ်လိုက် ရပ်တည်နေခဲ့ ကြပါတယ် ။

ကမ္ဘာ့ နိုင်ငံ တွေ ကို လူဦးရေ အလိုက် ဖော်ပြ ခဲ့ပြီး ပါပြီ ။ ပြောချင်တဲ့ ကိစ္စ နဲ့ လည်း တော်တော်လေး လမ်းကြောင်း လွဲနေ လောက်ပါပြီ ။ ဒါကြောင့် ခေါင်းစဉ် ဘက်ကို တစ်ခေါက်လောက် ပြန်သွား လိုက်ကြရအောင် . . .

ရိုနယ်ဒို သာ နိုင်ငံ တစ်ခု ဖြစ်ခဲ့မယ် ဆိုရင် ဘာဖြစ်မလဲ ?

ဟုတ်ပါတယ် ။ ရိုနယ်ဒို သာ နိုင်ငံ တစ်ခု ဖြစ်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေသာ နိုင်ငံသားတွေ ဖြစ်ခဲ့မယ် ဆိုရင် ဒါဟာ ကမ္ဘာ ပေါ်မှာ တရုတ် နဲ့ အန္ဒိယ တို့ အပြီး တတိယ မြောက် လူဦးရေ အများဆုံး နိုင်ငံ တစ်ခု အဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ် ။

ဘာကြောင့်လဲ ဆိုတော့ ပေါ်တူဂီ သားကြီး ရဲ့ တရားဝင် ဆိုရှယ် မီဒီယာ ပလက်ဖောင်း ပေါ်က ပရိသတ် အရေ အတွက် ဟာ သန်း ၄၀၀ ကျော် ရှိပြီး အမေရိကန် အပါ အဝင် ကမ္ဘာ့ နိုင်ငံ အားလုံး နီးပါး ရဲ့ အထက် မှာ ရှိနေခဲ့ ပါတယ် ။ ( Facebook – 122 M, Instagram – 200 M, Twitter – 82 M )

တရုတ် နဲ့ အိန္ဒိယ တို့ ကတော့ ရိုနယ်ဒို ပိုင်ဆိုင် ထားတဲ့ ပရိသတ် အရေအတွက် ထက် ၄-၅ ဆ လောက် များနေ ပါသေးတယ် ။ ရိုနယ်ဒို ရဲ့ ဆိုရှယ် မီဒီယာ အကောင့်တွေကို နေ့စဉ် subscribe လုပ်တဲ့ အရေ အတွက် ဟာ အာရှ ဒေသက နိုင်ငံ ၂ ခု ရဲ့ လူဦးရေ တိုးပွားနှုန်း ကို မမီနိုင်သေးဘူး ဆိုတဲ့ သဘော ပါပဲ ။

ဒါပေမယ့် ဒါဟာ တကယ် ကို အံ့သြ စရာကောင်း ပြီး ခမ်းနား လှတဲ့ အောင်မြင်မှု တစ်ခု လို့ ဆိုနိုင် ပါတယ် ။ အွန်လိုင်း အသုံးပြုမှု တွေ ခေတ်စားလာပြီး နောက်ပိုင်း မှာ လူသား တစ်ဦး တစ်ယောက် ဆီကနေ ဒီလောက် များပြားတဲ့ ပရိသတ် အရေ အတွက် ကို ပိုင်ဆိုင် ထားဖို့ ဆိုတာ မလွယ်ကူလှ ပါဘူး ။ အခု ရိုနယ်ဒို ရယူ ထားတဲ့ အရေ အတွက် ဟာ အရမ်း ကို များပြား လွန်းလှပါတယ် ။ ဒါကြောင့်လည်း သူ့ကို ခေါ်ယူခဲ့တဲ့ ယူဗင်တပ် ဟာ စီးပွားရေး ကဏ္ဍ မှာ အကြီးအကျယ် အမြတ်အစွန်း ရရှိ ခဲ့တာပါ ။

ရိုနယ်ဒို ဟာ ဘောလုံး အရည် အသွေး မှာ မက်ဆီ လောက် မကောင်းခဲ့ ပါဘူး ၊ အောင်မြင်မှု မှာလည်း မက်ဆီ ကို လိုက်မီ ချင် မှ လိုက်မီ တော့ မှာပါ ။ ဒါပေမယ့် ရိုနယ်ဒို ရဲ့ ကျော်ကြားမှု က တော့ မက်ဆီ ရော ၊ ဘောလုံး အသိုင်း အဝိုင်း ရောသာမက တစ်ကမ္ဘာလုံး ကိုပါ လွှမ်းမိုး ကျော်လွန် နိုင်တဲ့ အင်အား ရှိနေတယ် ဆိုတာ မျက်ဝါး ထင်ထင် တွေ့မြင် နိုင်ခဲ့ ပါတယ် ။

တကယ်လို့ ရိုနယ်ဒို သာ ဘောလုံး ကနေ အနားယူပြီး နိုင်ငံရေး လောကထဲ ကို ၀င်ရောက်မယ် ဆိုရင် သမ္မတ ဖြစ်မလာ နိုင်ဘူးလို့ ဘယ်သူ မှ ပြောနိုင် မယ် မထင် ပါဘူး . . . ။ ဘာလို့လည်း ဆိုတော့ သူ့ နောက် မှာ မဲပေးမယ့်သူ သန်း ၄၀၀ လောက် ရှိနေလို့ ပါပဲ ။

SPORTS MYANMAR