အီတီဟတ် မှာကစား ခဲ့တဲ့ ကရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းက အိမ်ရှင် မန်စီးတီး အသင်းကို ၀-၁ ဂိုးနဲ့ အနိုင်ယူပြီး ပထမအကျော့ ရှုံး ကြွေးကို ပြန်ဆပ် နိုင်ခဲ့ပါတယ်။ဒါပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဂိုး နဲ့ မန်စီးတီး အသင်းက ဖိုင်နယ် ကို တက်လှမ်းသွား နိုင်ခဲ့ပြီး လက်စတာ ကိုအနိုင်ယူထား ခဲ့တဲ့ အက်စတွန်ဗီလာ အသင်းနဲ့ ဝင်လာလေ မှာ ဗိုလ်လုရတော့ မှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃နှစ်ဆက် ချန်ပီယံဖြစ်နိုင်ချေ အတော်လေးနည်းပါးသွားခဲ့ပြီဖြစ်ပေမယ့် ဒီပြိုင်ပွဲမှာ ဖိုင်နယ်ကို ၃နှစ်ဆက်တက် လှမ်းနိုင်ခဲ့ပြီး ၃ကြိမ်ဆက်ချန်ပီယံဖြစ်ဖို့ အတော်လေး နီးစပ်နေပြီဖြစ်ပါတယ်။တန်းတက် အက်စတွန်ဗီလာ အသင်း ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်း တည်ြိငမ် မှု ပျောက်ဆုံးနေပြီး တန်းဆင်းဇုံနဲ့ ၂မှတ် အကွာ အဆင့်၁၆ နေရာမှာ လတ်တလော ရပ်တည်နေပါတယ်။သူတို့အသင်းရဲ့ ခြေစွမ်းအပြသနိုင်ဆုံးကသားသမားတွေထဲမှာတော့ ဂရီရယ်လစ်ရှ်က တဦးအပါအဝင်ဖြစ်ပါတယ်။

အသက် ၂၄နှစ် အရွယ် ဒီအင်္ဂလန်သား ဟာ ဒီရာသီမှာ ဗီလာအတွက် လိဂ်ပွဲ ၂၂ ပွဲ အထိပါဝင်ခွင့်ရထား ပြီး သွင်းဂိုး ရ ဂိုးနဲ့ ဖန်တီးမှု ၅ကြိမ်စွမ်းဆောင်ပေးထားပါတယ်။မန်စီးတီး တို့ဟာ အခုလ အစောပိုင်းက မှ ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် ဗီလာပါ့တ်ခ် မှာဆုံတွေ့ထား ခဲ့သေးတာဖြစ်ပြီး ၁-၆ဂိုးနဲ့အနိုင်ရထားပါတယ်။ဒီပွဲမတိုင်မီမှာ ဂွာဒီယိုလာက ဂရီရယ်လစ်ရှ်အပေါ် ချီးမွမ်းခန်းဖွင့်ထားခဲ့ပါသေးတယ်။

အခုတကြိမ် ဗီလာနဲ့ ထပ်မံဆုံတွေ့ နေတဲ့ ပွဲစဉ်မတိုင် မှ ဂရီရယ်လစ်ရှ် အကြောင်းကို မေးမြန်းရာမှာတော့ ဂွာဒီယိုလာက – ” ဒီလို ဖိုင်နယ် အဆင့်ကိုတက် လှမ်းလာနိုင်ခဲ့တဲ့ အတွက် သူတို့ရဲ့ နည်းပြကြီး ဒီးန်စမစ်ကို ဂုဏ်ယူစကားဆို ချင်မိပါတယ်။အဲ့ဒီ ပွဲတုန်းက လက်စတာ အသင်းကလည်း အတော်လေး ကောင်းကောင်း ကစား သွားနိုင် ခဲ့တာဖြစ်ပြီး ၂သင်းလုံးက ဒီအဆင့်ကို ထိုက်ထိုက်တန်တန်ရောက်လာခဲ့ကြတာပါ။ကျွန်တော်တို့က ဗီလာနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်လို့ အနိုင်ရအောင်ကြိုးပမ်းမှာဖြစ်ပါတယ်။

သူတို့ အသင်းမှာ ဆိုရင် ဒီ ပရီးမီးယား လိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးတွေထဲက တဦး ဖြစ်တဲ့ ဂရီရယ်လစ်ရှ် လို ကစား သမား မျိုးရှိထားပါတယ်။ကျွန်တော်ကသူ့ရဲ့အမာခံပရိသတ်ပါ။အရေးအကြီးဆုံးကတော့ဖိုင်နယ်ကိုကျွန်တော်တို့ရောက်ခဲ့တာဖြစ်ပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ သူတို့ အသင်းအတွက် အောင်မြင်မှု အများအပြားရယူပေးနိုင် ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဆေးဗားလ်ကို အခုရာသီကုန်မှာ လက်လွှတ်ရတော့မှာဖြစ်ပြီး ဂရီရယ်လစ်ရှ်က အစားထိုးဖို့ အသင့်တော်ဆုံး ကစား သမားတွေထဲက တဦးအဖြစ်ရှိနေပါတယ်။ဒါပေမယ့် လူငယ်ကြယ်ပွင့်လေး ဖိုဒန်က ဒီစပိန်သားကြီးရဲ့ နေရာကို အစားဝင်နိုင်သူ ဖြစ်တယ်လို့ ဂွာဒီယိုလာက အခိုင်အမာဆိုထားပါတယ်။ဆက်စပ် သတင်းတွေအရတော့ ဂွာဒီယိုလာဟာ ဗီလာနဲ့ ဖိုင်နယ်ပွဲမှာ ဂိုးသမားအဖြစ် ဘရာဗိုကို အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။

အသက် ၃၆နှစ်အရွယ်ဒီချီလီသားကြီးဟာ ဖနှောင့်ဒဏ်ရာကြောင့် တနှစ်လောက် ပွဲတွေနဲ့ ဝေးခဲ့ရဖူးပြီး ဒီရာသီမှာဆော့ ဖလားပွဲတွေမှာ နည်းပြ ဂွာဒီယိုလာက သူူ့ကိုပြန်ပြီးအသုံးပြုနေတာဖြစ်ပါတယ်။

ဝင်ဘာလေပွဲစဉ်မှာလည်း ဘရာဗိုကို ဆက်သုံးဖို့ရှိနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက – ” ပြီးခဲ့တဲ့ နှစ်ဖိုင်နယ်တုန်းကတော့ ချဲဆီးလ်နဲ့ တွေ့ခဲ့တာဖြစ်လို့ အီဒါဆန်ကို အသုံးပြုခဲ့ရပါတယ်။အဲ့ဒီ အချိန်တုန်းက လူငယ်ဂိုးသမား လေး အာရို က အသင်းကိုအများကြီး အထောက်အကူ ဖြစ်စေခဲ့ပေမယ့် ငယ်သေးတာဖြစ်လို့ အီဒါဆန်ကိုသုံးတာပိုကောင်းခဲ့ပါတယ်။လာမယ့်ပွဲမှာ ဘရာဗို ကြံ့ခိုင်မှုရှိနေရင်တော့သူ ပါဝင်လာမှာပါ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR