လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့မှာတော့ အီတလီ လောလုံး လောက အတွင်းမှာ ပရိသတ် တွေ စိတ်ဝင် စားမယ့် ပွဲကောင်း တပွဲ ရှိနေပါတယ်။ဒါကတော့ အေစီမီလန် နဲ့ ဂျူဗီတို့ရဲ့ ကိုပါအီတာလီီယာဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်ပါတယ်။ပထမအကျော့ အဖြစ် မီလန် မြေမှာ ကစား သွားမှာ ဖြစ်ပြီး စီးရီးအေ ကို တကျော့ပြန်ရောက် ရှိလာခဲ့တဲ့ ဆွီဒင် သားကြီး မိုဗစ် နဲ့ ဂျုဗီ အသင်းရဲ့ ပေါ်တူဂီ အိုင် ကွန် ကစားသမား ရော်နယ်ဒိုတို့ ထိပ်တိုက် တွေ့ဆုံ နေတဲ့ ပွဲကြီးပွဲကောင်း လည်းဖြစ်ပါတယ်။

၂ ဦးစလုံးဟာ အခုအချိန် မှာ အသက် ၃၀ ကျော်ဝါရင့် ကစားသမား ကြီးတွေ ဖြစ်နေကြပေမယ့် ခြေစွမ်းကောင်း ကတော့ နုပျို လတ်ဆတ်နေဆဲဖြစ်ပါတယ်။ရော်နယ်ဒိုက ဂျူဗီရဲ့ဂိုးသွင်းစက်အဖြစ်ရှိသေးသလို မိုဗစ်ကလည်း မေဂျာလိဂ်ကို ဂိုးမုန်တိုင်း တိုက်ခတ်ထားခဲ့သူဖြစ်ပါတယ်။သူတို့ နှစ်ဦးကို ချီးကျူးထားခဲ့တဲ့ ဖူးတဲ့ ကမ္ဘာ့ဘောလုံး လောကရဲ့ အကျော်အမောတွေ အများကြီး ရှိခဲ့ဖူးတာဖြစ်ပြီး အခုချိန်မှာတော့ အန်ဆယ်လော့တီရဲ့ လက်ထောက်နည်းပြအဖြစ် ကြိမ်ဖန်များစွာလုပ်ဆောင်ခဲ့ဖူးတဲ့ ပေါလ်ကလီးမန့်က ပါချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၅နှစ်တာကာလအတွင်း ပြိုင်ဘက်ဂိုးဧရိယာ အနားမှာ ဂိုးသွင်းမုဆိုး ကောင်းတွေအဖြစ် ကျင်လည်ခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ မိုဗစ်တို့ အပေါ် ပေါလ်ကလီးမန်းက – ” စရိုက်လက္ခဏာကောင်း တွေပိုင်ဆိုင်ထားတဲ့ စပယ်ရှယ်ကစားသမား၂ယောက်က မိုဗစ်နဲ့ ရော်နယ်ဒိုတို့ဖြစ်ပါတယ်။

သူတို့ဟာ စပယ်ရှယ် ပါရမီတွေ ပိုင်ဆိုင် ထားတယ် ဆိုတာကို ကွင်းအတွင်း မှာ ခင်ဗျားတို့ လည်း အမြင်သာကြီးပဲလေ။ ပြင်ပလူနေမှု ဘဝမှာလည်း သူတို့က စိတ်ဝင်စားစရာကောင်းပြီး၊ စိတ်ချမ်းချမ်းသာသာနေတတ်တယ်၊ ယုံကြည်မှု အပြည့်ရှိကြပါတယ်။မိုဗစ် ဆိုရင်စကားပြောတဲ့ နေရာမှာ အတော်လေးကို သူ့ကိုယ်သူ ယုံကြည့်မှုအရမ်း ရှိပါတယ်။ အဲ့ဒီအချိန်တွေတုန်းကတော့ ဒါကို ဝင့်ဝါမာနကြီးတယ်လို ထင်စရာရှိခဲ့ပေမယ့်လည်း ဒါဟာသူ့ရဲ့ပုံစံပါပဲ။

သူ့ရဲ့ ပုံမှန် နေ့စဉ် ဘဝမှာလည်း မိုဗစ်က အခုလိုပဲ ပြုမူနေထိုင်တာဖြစ်ပါတယ်။ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင်တဦးဦးက ကျွန်တော့်ကို ဒရော့ဘာ အကြောင်းမေးလာခဲ့သည်ဆိုပါစို့ဗျာ။

ကျွန်တော့် အဲ့ဒီ အိုက်ဗရီကို့စ် သားရဲ့ အကြောင်းကို အသေးစိတ် ခင်ဗျားတို့ကို ပြောပြပါလိမ့်မယ်။ဒါပေမယ့် မိုဗစ်ကတော့ ‘ အဲ့ကောင်ကကျွန်တော့် လောက်မကောင်းဘူး ‘ လို့ဖြေပြီ ခင်ဗျားတို့ကို ရယ်မောစေပါလိမ့်မယ်။သူတို့ နှစ်ယောက်လုံးဟာ ကွင်းတွင်းမှာ ကော ကွင်းပြင်ပမှာပါ ပရော်ဖက်ရှင်နယ် အရမ်းပီသသူတွေ ဖြစ်ပါတယ်။သူတို့ဟာ ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်း တဲ့ နေရာမှာလည်းအတော်လေး ကျန်းမားရေးလိုက်စားပြီး ဓာတ်စာတွေအကြောင်းဗဟုသုတလည်းကြွယ်ပါတယ်။

မက်ဒရစ်မှာရှိတဲ့ ရော်နယ်ဒိုရဲ့ အိမ်မှာဆိုရင် နလန်ထ စ မှာ အထောက်အကူဖြစ်စေမယ့် အရာတွေအများကြီးရှိပြီး ခင်ဗျားတို့ အနေနဲ့ ကျန်းမာရေး လေ့ကျင့်ခန်းတခုကိုတောင်မြင်ရနိုင်ပါတယ်။သူဟာကျန်းမာရေးအတွက် အတော်လေးရင်းနှီးမြှပ်နှံထားသူဖြစ်ပါတယ်။ဒီလို လူမျိုးတွေကပဲ ဘဝမှာ အောင်မြင်ပြီး အဲ့ဒီအောင်မြင်မှု လမ်းကြောင်းပေါ်မှာ ခရီးဝေးဝေးဟလျှောက်လှမ်း နိုင်ကြတာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

မိုဗစ်နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးဟာ အောင်မြင်မှုတွေကို အတော်လေးဆာလောင် ကြပြီး ပွဲအတွင်း မှာ လည်းအတော်လေး ကြိုးစားလေ့ရှိကြပါတယ်။ဒါ့အပြင် သူတို့ အသင်းဖော်တွေ ဆီကနေ လည်း ခြေစွမ်းကောင်းအများကြီးမျှော်လင့်တတ်ကြတယ်လို့ ကလီးမန့်ကဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကလီးမန့်က – ” PSG မှာတုန်းက မိုဗစ်တယောက် အသင်းဖော်တွေနဲ့ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်မှတ်မိပါသေးတယ်။အသင်းဖော်တွေဆီကနေသူ့လောက်တောင်းဆိုမှုပြင်းထန်တဲ့သူမတွေ့ဖူးသေးပါဘူး။ဥပမာအနေနဲ့ ပြောရရင် ဘရာဇီးလ်သား မက်ဇ်ဝဲလ်ဖြစ်ပါတယ်။သူဟာ မိုဗစ်နဲ့ အတူအေဂျက်၊ အင်တာ၊ ဘာစီလိုနာ နဲ့ PSG အသင်းတွေအထိ လိုက် ကစားခဲ့သူဖြစ်ပါတယ်။မိုဗစ်က သူဘယ် ကိုသွားမယ်ဆိုတာကို လေ့ကျင့်ရေးကွင်းမှာဖြစ်ဖြစ် မက်ဇ်ဝဲကိုပြောလေ့ရှိပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR