မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ တရုတ် ကလပ် ရှန်ဟိုင်း ရှင်ဟွာ အသင်း မှာ ကစား နေတဲ့ တိုက်စစ်မှူး ဖြစ်သူ အိုဒီယန် အစ်ဂ်ဟာလို ကို အံ့ဖွယ် ခေါ်ယူ ခဲ့ပြီး တိုက်စစ် လိုအပ်ချက် ကို ဖြည့်တင်း သွားခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂိုးသမား ဟောင်း ဖြစ်သူ မာ့ခ် ဘော့စ်နစ်ချ် က ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး သစ် ဖြစ်လာသူ အိုဒီယန် အစ်ဂ်ဟာလို ဆီမှာ ဆုံးရှုံး စရာ ဘာမှ ရှိ မနေ တဲ့ အတွက် ယူနိုက်တက် ဂန္ဓဝင် အဲရစ် ကန်တိုနာ လက်သစ် ဖြစ်လာ နိုင်ကြောင်း ဥပမာပေး ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒါဟာ အရေးပေါ် ကစားသမား သစ် ခေါ်ယူခြင်း ပါပဲ ။ သူ ( အစ်ဂ်ဟာလို ) ကို ခေါ်ယူ ခဲ့တဲ့ အတွက် လူတွေ က အမျိုးစုံ ဝေဖန် ပြောဆို နေခဲ့ ကြတယ် ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဟုတ်ပါတယ် ၊ အခု အချိန် မှာ ရပ်ရ်ှဖို့ ဒဏ်ရာ ရရှိ နေ ခဲ့တဲ့ အတွက် အခုလို အပြောင်းအရွှေ့ ဖြစ်လာ ခဲ့တာ ပါ ”

” လက်ရှိ အမှတ်ပေး ဇယား ရပ်တည်မှု အနေအထား အရ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်ခွင့် ဟာ ဖြစ်နိုင်ခြေ ရှိနေ ပါ သေးတယ် ။ ဒီအတွက် သူတို့ တွေဟာ စျေးကွက် ထဲ ဝင်ရောက် ပြီး တစ်စုံ တစ်ယောက် ကို ခေါ်ယူ ရ ပါ့မယ် ”

” ဒီအတွက် အသင်းဆီ ရောက်ရှိ လာခဲ့တာ က အစ်ဂ်ဟာလို ပဲ ဖြစ်ခဲ့ ပါတယ် ။ ဒီ ကောင်လေး ဆီမှာ ဆုံးရှံုး စရာ ဘာမှ မရှိ ပါဘူး ။ ဘယ်သူ မှလဲ သူ့ ဆီက နေ မယုံကြည် နိုင်ဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို မမျှော်လင့် ထားကြ ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် က အဲ့ဒီ နေရာ အတွက် လူ လိုနေတာ တော့ အမှန် ပါပဲ ”

” ခင်ဗျား တို့ သိကြ တော့မှာ မဟုတ် ပါဘူး ။ ဟိုး လွန်ခဲ့တဲ့ နှစ် အများကြီး တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘယ်သူမှ မသိ ကြတဲ့ ပြင်သစ် နိုင်ငံသား ( ကန်တိုနာ ) တစ်ယောက် ကို ခေါ်ယူ ခဲ့ ပါတယ် ။ သူ့ ဆီက လူတွေ ဘာမှ သိပ်ပြီး မမျှော်လင့် ခဲ့ကြ ပါဘူး ”

” ဒါပေမယ့် အဲ့ဒီ ကစားသမား က အအောင်မြင်ဆုံး ဘောလုံး ရာသီ တွေကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ အခုလည်း ယူနိုက်တက် မှာ အဲ့တာ ဖြစ်လာ နိုင်ခြေ ရှိနေ ပါတယ် ။ ဒီ အတွက် သံသယ ဖြစ်နေ စရာ မလို ပါဘူး ”

” ပရီးမီးယား လိဂ်ရဲ့ ဒီလို အနေအထား တစ်ခု မှာ ပြိင်ဖက် အသင်း နဲ့ ရမှတ် 6 မှတ် ကွာဟ နေတယ် ဆိုတာ ကျွန်တော့် အတွက် တော့ ဘာမှ မဟုတ် ပါဘူး ။ သူတို့ အခု အချိန် မှာ ဂိုး မသွင်းယူ နိုင်တာ ကလည်း သူတို့ ရဲ့ ကစားပုံ အပေါ် မူတည် နေခဲ့ ပါတယ် ”

” အကယ်လို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေကို မြင်တွေ နေ ကြမယ် ဆိုရင် လူတွေ က အသင်း အပေါ် ပိုမို ယုံကြည် ပြီး ‘ အိုကေ ၊ ဒီ အသင်း က အတိုင်း အတာ တစ်ခု အထိ ရှေ့ဆက် နိုင် လိမ့်မယ် ‘ လို့ မှတ်ချက် ပေးသွား ကြမှာ ပါပဲ ”

” ယူနိုက်တက် ဟာ အဲ့တာ ကို လုပ်ပြ နိုင် လိမ့်မယ် လို့ ကျွန်တော် ယုံကြည် ပါတယ် ။ ရာသီ ကုန်ဆုံး သွားတဲ့ အခါ သူတို့ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင် မလား ၊ မဝင်နိုင် ဘူးလား ဆိုတာ က ခြားနား တဲ့ မေးခွန်း တစ်ခု ပါပဲ ”

” သူတို့ ဆီမှာ အခွင့် အရေး ကောင်းတွေ ရှိနေ ပါ သေးတယ် ။ လူတွေ က ဘယ်လို ပဲ ထင်ကြေး တွေ ပေးနေ ကြ ပါစေ ၊ ယူနိုက်တက် တို့ဟာ ရောထွေး တဲ့ အနေအထား တစ်ခု မှာ ရပ်တည် နေ ပါတယ် ” လို့ မာ့ခ် ဘော့စ်နစ်ချ် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar