မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် တောင်ပံ ကစား သမား ဟောင်း တစ်ဦး ဖြစ်သူ လီရှပ် က အကယ်လို့ ဂျေဒန် ဆန်ချို သာ လာမယ့် အပြောင်း အရွှေ့ မှာ အိုးလ် ထရပ်ဖို့ဒ် ဆီကို ပြောင်းရွှေ့ လာမယ် ဆိုရင် သူဟာ ကောင်းကောင်း အံဝင် နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဂျေဒန် ဆန်ချို ဟာ လက်ရှိ ဘောလုံး ရာသီ မှာလည်း အသင်း အတွက် ကိုယ်တိုင် 15 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပြီး ဂိုး ဖန်တီးမှု 19 ကြိမ် အထိ လုပ်ဆောင် ပေးထား နိုင်ခဲ့ ပါတယ် ။ ထို့အတူ ရာသီဆက် ခြေစွမ်း ပြနိုင် ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဟာ ဥရောပရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့် ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံနေ ခဲ့ရ ပါတယ် ။

ဂျာမန် မြေက ထွက်ပေါ် လာတဲ့ သတင်း တွေ အရ တော့ ဆန်ချို ဟာ လာမယ့် နွေမှာ အသင်း ပြောင်းဖို့ အတွက် သေချာ နေပြီ လို့ သိရှိ ရပြီး သူ့ကို ခေါ်ယူ နိုင်ရေး အတွက် ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်တဲ့ ယူနိုက်တက် ၊ လီဗာပူး နဲ့ ချဲလ်ဆီး အသင်း တို့က ရေပန်း အစားဆုံး ဖြစ်နေ တယ်လို့ သိခဲ့ ရ ပါတယ် ။

ဂျေဒန် ဆန်ချို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ စိတ်ဝင်စား မှုကို ရရှိ ခဲ့သူ ဖြစ်ခဲ့ ပေမယ့် တစ် ရာသီ သာ ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး အတွက် ယူနိုက်တက် တို့ ပေါင် သန်း 100 အထိ ပေးဖို့ လက်တွန့် ခဲ့တာ ကြောင့် ထူးခြား မှု မရှိ ခဲ့ ပါဘူး ။

ဒါပေမယ့် အခုတော့ ဂျေဒန် ဆန်ချို ဟာ နှစ် ရာသီ ဆက်တိုက် ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့ပြီ ဖြစ်တာ ကြောင့် ကောက်ရိုးမီး မဟုတ်ကြောင်း ထင်ရှား ခဲ့ရ ပါပြီ ။ ဒါ့ကြောင့် ယူနိုက်တက် အသင်း ဟာ ကစားသမား အတွက် ပေါင် သန်း 100 အထိ သုံးစွဲ သွားဖို့ လက်တွန့် နေရမယ့် အနေအထား တစ်ရပ် တော့ မဟုတ်တော့ ပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစား သမား ဟောင်း တစ်ဦး ဖြစ်တဲ့ လီရှပ် က ကစားသမား ဖြစ်သူ ဖက်မှ ခြေစွမ်း ပိုင်း အရ သက်သေ ပြထား ခဲ့ပြီ ဖြစ်ကြောင်း ၊ သူဟာ အိုးလ် ထရပ်ဖို့ဒ် မှာလည်း တောက်ပ နိုင်မှာ ဖြစ်ကြောင်း အသင်းဟောင်း ကို ခေါ်ယူ ဖို့ တိုက်တွန်း သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

 

သူဟာ ကောလဟာလ သတင်း တွေ များစွာ ထွက်ပေါ် နေခဲ့တဲ့ ဒေါ့မွန် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကို ယူနိုက်တက် အသင်း ရဲ့ ဂျာစီ နဲ့ မြင်တွေ့ လို သလား လို့ အမေး ခံလိုက် ရတဲ့ အချိန် …

” သေချာတာပေါ့ ၊ သံသယ ဖြစ်ဖို့ မလို ပါဘူး ။ သူဟာ လက်ရှိ အချိန် ဘောလုံး အားကစား လောက မှာ သတင်း အဟော့ဆုံး ကစားသမား တစ်ဦး ပါပဲ ။ သူဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 10 ပွဲမှာ ဆိုရင် ကိုယ်တိုင် 8 ဂိုး သွင်းထားပြီး 8 ကြိမ်ထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ”

” သူ့ရဲ့ စွမ်းဆောင်ရည် က တစ်ကယ့် ကို မယုံကြည် နိုင်ဖွယ် ပါပဲ ။ အခုလို ပြောကြား ရတာ က သူဟာ လပိုင်း လောက်ပဲ ခြေစွမ်း ကောင်းတွေ ပြနိုင် ခဲ့လို့ မဟုတ် ပါဘူး ။ သူ ခြေစွမ်း ကောင်း ပြနိုင် ခဲ့တာ ဘောလုံး ရာသီ တွေ ဆက်တိုက် ဖြစ်နေ ခဲ့လို့ ပါပဲ ”

” သူဟာ ပုံမှန် စွမ်းဆောင်ရည် တစ်ခု ကို ပိုင်ဆိုင် ထားတယ် ဆိုတာ သက်သေ ပြနိုင် ခဲ့ ပါပြီ ။ သူဟာ ထိပ်တန်း အဆင့် မှာ တစ်ပါတ် ပြီး တစ်ပါတ် ခြေစွမ်း ကောင်း ပြနိုင်တယ် ဆိုတာ သက်သေ ပြထား ခဲ့ပြီး ပါပြီ ။ ဒါ့ကြောင့် သူဟာ ယူနိုက်တက် အသင်း နဲ့ ပရိသတ် တွေ လိုချင် ကြတဲ့ ကစားသမား မျိုး ဖြစ်နိုင် ခဲ့ ပါပြီ ”

” သူဟာ တစ်ကယ့် အံ့ဖွယ် ကစားသမား တစ်ဦး ဖြစ်ပြီး ယူနိုက်တက် အသင်း မှာ အကောင်းမွန်ဆုံး အံဝင် နိုင်တယ် ဆိုတာ ကျွန်တော် သိနေ ပါတယ် ။ သူဟာ ယူနိုက်တက် မှာ ကစား နိုင်စွမ်း ပြည့်ဝ နေပါပြီ ။ လူငယ် ကစားသမား တွေ အတွက် အဆင့် တစ်ခု မှာ ခြေစွမ်း ထိန်းသိမ်း နိုင်ဖို့ ဆိုတာ ခက်ခဲ လှ ပါတယ် ”

” သူဟာ အဲ့တာ တွေကို လုပ်ဆောင် ပြရင်း အခွင့်အလမ်း ကောင်းတွေ ကိုလည်း ပိုင်ဆိုင် နိုင်ခဲ့ ပါပြီ ။ သူဟာ ပြိုင်ဖက် ခံစစ် ကစားသမား တွေကို အရူး လုပ်နိုင်စွမ်း ရှိနေ ပါတယ် ။ ဒါ့အပြင် သူဟာ ဖန်တီးမှု တွေနဲ့ အတူ ဂိုးတွေ သွင်းရင်း ပြည့်စုံ တဲ့ ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာ ပြသ နိုင်ခဲ့ ပါပြီ ”

” သူရဲ့ လုပ်အားနှုန်း တွေကလည်း အံ့ဖွယ် ပါပဲ ။ သူဟာ ခင်ဗျား ရဲ့ အသင်း မှာ ရှိနေ စေလိုတဲ့ ကစားသမား အမျိုးအစား ဖြစ်သွား ပါပြီ ။ လက်ရှိ အချိန် သူ့ကို ခေါ်ယူ လိုနေ တာ ယူနိုက်တက် တစ်သင်း ထဲ မဟုတ် တော့ဘူး လို့ ကျွန်တော် သေချာပေါက် ပြောရဲ ပါတယ် ”

” ဒီအတွက် ယူနိုက်တက် အနေ နဲ့ တုန့်ဆိုင်း မနေ ပဲ အိုးလ် ထရပ်ဖို့ဒ် ဆီ အမြန်ဆုံး ခေါ်ယူ သင့်နေ ပါပြီ ” လို့ လီရှပ် က ဒေါ့မွန် အသင်း ရဲ့ ကစားသမား ဘေးကို ချီးကျူးရင်း အသင်း ဟောင်းကို တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar