မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ သတင်း တွေဟာ အမြဲလို ထွက်ပေါ် နေခဲ့တဲ့ သတင်း တစ်ပုဒ် ဖြစ်ခဲ့ ရပြီး ရီးယဲ မက်ဒရစ် နဲ့ ဂျူဗင်တပ် အသင်း တို့ ခေါ်ယူ ချင် ကြတယ် ဆိုတဲ့ သတင်း တွေဟာလည်း ပုံစံ မျိုးစုံ နဲ့ ထွက်ပေါ် နေဆဲ ပါပဲ ။

ဒီကြားထဲ သူ့ရဲ့ အေးဂျင့် ဖြစ်တဲ့ မီနို ရိုင်အိုလာ ကလည်း မှတ်ချက် တွေ စုံလင်အောင် ပေးနေ ခဲ့တဲ့ အတွက် ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေဟာ ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ သတင်း နဲ့ ပတ်သက်လို့ စိတ်ပျက် နေခဲ့ ကြပြီး ကစားသမား ကို အမြန်ဆုံး ရောင်းချ လိုက်ဖို့ အသင်း ကို ကိုယ်စီ တိုက်တွန်း ခဲ့ကြ ပါ သေးတယ် ။

အခုတော့ ပေါ့ဂ်ဘာ ရဲ့ စူပါ အေးဂျင့် ဖြစ်တဲ့ မီနို ရိုင်အိုလာ က သူ့ရဲ့ ကစားသမား ဟာ နောက် ရာသီ အတွင်း ဂျူဗင်တပ် အသင်း ဆီကို ပြန်လည် ပြောင်းရွှေ့ဖို့ အတွက် တွန့်ဆုတ် နေ စရာ အကြောင်း မရှိ ကြောင်း ထုတ်ဖော် ပြောကြားရင်း ယူနိုက်တက် ပရိသတ် တွေကို စိတ် အနှောက်အယှက် ပေးသွား ခဲ့လိုက် ပြန် ပါတယ် ။

” အီတလီ က ပေါလ် အတွက် အိမ်လို ပါပဲ ။ ဒါ့ကြောင့် သူဟာ အီတလီ ကို သွားဖို့ အတွက် တွန့်ဆုတ် နေမှာ မဟုတ် ပါဘူး ။ ဒါပေမယ့် ယူရို ဖလား ပြိုင်ပွဲ ပြီးရင် တော့ ဘာတွေ ရှေ့ဆက် ဖြစ်လာ မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ဗျာ ”

” ပေါလ် ဟာ အကောင်းဆုံး level တစ်ခု မှာ ဘောလုံး ကို ကစား ချင်သူ တစ်ဦး ပါ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း သာ ခက်ခဲ လှတဲ့ အနေအထား တစ်ခု မှာ ရှိနေ သေးရင်း သူဟာ လွတ်မြောက် နိုင်ဦး မှာ မဟုတ်သေး ပါဘူး ” လို့ ရိုင်အိုလာ က ဂျူဗင်တပ် နဲ့ အေစီ မီလန် တို့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အပြီး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရိုင်အိုလာ ရော ပေါ့ဂ်ဘာ ပါ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း သတင်းစာ တွေရဲ့ ခေါင်းကြီးပိုင်း မှာ နေရာ ယူခဲ့ ကြသူ တွေ ဖြစ်ခဲ့ ကြပြီး အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ အထူး သတင်း ကြီးခဲ့ ကြပါ သေးတယ် ။ ထို့အတူ ကစားသမား ကိုယ်တိုင် ကလည်း စိန်ခေါ်မှု အသစ် တွေကို ရင်ဆိုင် လိုကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်မှ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 150 အထိ သတ်မှတ် ခဲ့တာ ကြောင့် ခေါ်ယူ လိုတဲ့ အသင်း တွေက လက်တွန့် ခဲ့ကြ ပါတယ် ။

အခုတော့ ရိုင်အိုလာ ဟာ ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ နောက် တစ်ကြိမ် ဖွလိုက် ပြန် ပါပြီ ။ အခြား တစ်ဖက် မှာတော့ ကစား သမား ဖြစ်သူ ဟာ ဒဏ်ရာ ပြသနာ သက်သာ ကောင်းမွန် ခဲ့ပြီ ဖြစ်တာ ကြောင့် အသင်း အတွက် ပြန်လည် ကစား ပေးနိုင် ဖို့ စိတ်အား ထက်သန် နေသူ ပဲ ဖြစ်ပါတယ် ။

အခုတော့ ဗလန်စီယာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကွန်ဒေါ့ဂ်ဘီယာ က သူ့ရဲ့ အသင်းဖော် ကစားသမား ဟောင်း ဖြစ်သူ ပေါ့ဂ်ဘာ ဟာ အထူး ခြေစွမ်း တွေ ပြသရင်း အသင်း ရဲ့ ပရိသတ် တွေကို တစ်ဖန် ပြန်လည် အံ့အား သင့်စေ နိုင်လိမ့်မယ် လို့ ယုံကြည် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ ကျွန်တော် မစိုးရိမ် မိ ပါဘူး ။ သူဟာ အထူး ခြေစွမ်း တွေနဲ့ အတူ စပါယ်ရှယ် စွမ်းဆောင်ရည် တွေကို ပြသရင်း ခမ်းနားတဲ့ ကစားသမား တစ်ယောက် ဖြစ်တယ် ဆိုတာ အရင် ထဲက သက်သေ ပြထား ခဲ့သူ တစ်ဦး ပါပဲ ”

” ကျွန်တော် တို့ဟာ ဘောလုံး အားကစား အကြောင်း ကောင်းကောင်း သိကြ ပါတယ် ။ အကယ်လို့ ခင်ဗျား ဟာ ကွင်းထဲ သိပ်ပြီး မနေ ရဘူး ၊ ဒါမှမဟုတ် ဒဏ်ရာ ရသွားမယ် ဆိုရင် ၊ ဒါမှမဟုတ် ပွဲ ကစား ချိန် မိနစ် တွေ နည်းပါး သွားမယ် ဆိုရင် လူ တွေက ခင်ဗျား ကို စတင် မေ့ပျောက် လာကြ ပါ လိမ့်မယ် ”

” ဘောလုံး မှာ ဒီလို တူညီတဲ့ အရာ တွေက အမြဲတမ်း ဖြစ်နေ ဦးမှာ ပါပဲ ။ ဒါပေမယ့် ဘောလုံး အားကစား နဲ့ ပတ်သက်လို့ ပေါလ် အကြောင်း ကျွန်တော် ကောင်းကောင်း သိတဲ့ အပြင် ပုဂ္ဂိုလ်ရေး အရလည်း ကောင်းကောင်း သိ ပါတယ် ။ သူဟာ ဒါကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း နိုင်မှာပါ ”

” ပေါလ် ဟာ ဘောလုံး ပရိသတ် တွေ ဆီကို အံ့ဖွယ် ခြေစွမ်း တွေ ပြသ သွားဦး မှာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ဆီမှာ ခွန်အား အပြည့်အဝ ရှိသလို စိတ်ဓါတ်ပိုင်း ဆိုင်ရာလည်း ကြံ့ခိုင် လှလို့ ပါပဲ ။ သူဟာ အကောင်းဆုံး ရှေ့ဆက် နိုင်ဖို့ အတွက် စွမ်းရည် အပြည့် ပိုင်ဆိုင် ထား ပါတယ် ” လို့ ကွန်ဒေါ့ဂ်ဘီယာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar