အသက်၁၉ နှစ် အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ကမ္ဘ္ဘာ့ဘောလုံး စင် မြင့်ထက်မှာ အလင်းလက်ဆုံး ကြယ်ပွင့် တွေထဲက တဦး အဖြစ်ရှိနေပြီး သူ့ရဲ့ ဂျာမန်မြေက ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တွေရဲ့ အပြိုင် ချိတ်ဆက်မှုကိုခံနေရပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ် mail သတင်းစာရဲ့ ရေးသားချက်အရ တော့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှု အတွင်း ယူနိုက်တက်နဲ့ ချဲဆီးလ်တို့ ကြားကို လီဗာပူး အသင်း လည်း ဝင်ရောက် လာနေခဲ့ပြီ လို့သိရပါတယ်။

လက်တလော သူ့ရဲ့ အသက်အရွယ် နဲ့ ခြေစွမ်းတွေကြောင့်လည်း သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေက အနည်းဆုံးပေါင်သန်း ၁၀၀ လောက်သုံးစွဲရဖို့ရှိနေပါတယ်။လီဗာပူး ခံစစ်ကစားသမားဟောင်းတဦးဖြစ်တဲ့ ဂလင်းဂျွန်ဆင်ကတော့ ယူနိုက်တက် ကို မသွားဖို့ ဆန်ချိုကိုသတိပေးလိုက်ပါတယ်။

မန်စီးတီး လူငယ် အကယ်ဒမီထွက် ဆန်ချိုဟာ ပွဲကစားခွင့် ပိုမိုသေချာစေဖို့ အတွက် ဒေါ့မွန်ကို ပြောင်းသွားခဲ့တာဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင်ကောင်း လိုအပ်နေတဲ့ ယူနိုက်တက် အသင်းက သူ့ကိုမန်ချက်စတာမြေကို ပြန်ခေါ်ချင်နေခဲ့တာ ကြပါပြီ။

ဒါပေမယ့်လည်း ယူနိုက်တက် ကိုသာ ပြောင်းသွားခဲ့ရင်သူ့ရဲ့ တိုးတက်မှုတွေ ကို အနှောက်အယှက်ဖြစ်သွားစေလိမ့်မယ် လို့ ဂလင်းဂျွန်ဆင်က သတိပေးလိုက်တာဖြစ်ပါတယ်။talkSPORT နဲ့ အင်တာဗျူးမှာ ဂလင်းဂျွန်ဆင်က –

” သူ့ရဲ့ ဈေးကွက်တန်ကြေးက သူ့ကို လိုချင်နေကြတဲ့ထိပ်သီးအသင်းတိုင်းကအလွယ်လေးတတ်နိုင်တဲ့ဈေးမျိုးဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့အနေနဲ့ နောက်ထပ် အသင်းသစ်ကိုရွေးချယ်ဖို့ အချိန်ယူရနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ အတွက် ရွေးလိုက်ရင်တော့ သူမှားသွားလိမ့်မယ် လို့ ကျွန်တော်ထင်တာပါပဲဗျာ။ယူနိုက်တက် ဆိုတာ တကယ့် အံ့မခန်း ထိပ်တန်း အသင်းကြီး တသင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီအချိန်မှာ အဲ့ဒီကိုပြောင်းလိုက်ရင်တော့ ကိုယ်ရေးအကျဉ်း မှတ်တမ်းမှာ အရမ်းကြည့်ကောင်းသွားပါလိမ့်မယ်။ဒါပေမယ့် ဒီအသင်းက လက်ရှိမှာ ရှိသင့်တဲ့ နေရာမှာ ရှိမနေပါဘူး။

ဒါကြောင့်လည်း လူငယ်တွေ အနေနဲ့ အဲ့ဒီလို အသင်းကိုသာ ပြောင်းသွားခဲ့ရင် ပထမဆုံး စရောက်တဲ့ နေ့ကတည်းက ဖိအားတွေ ခံရတော့မှာဖြစ်ပါတယ်။ဒါကြောင့် သူလို လူငယ်ကြယ်ပွင့်တဦးကယူနိုက်တက်ကို မသွားသင့်ပါဘူူး။

ကျွန်တော့် အမြင်အရတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှာပဲ ဖြစ်ဖြစ် ဖိအားဒဏ်ကို ခံစားရမှာပါပဲ။ဒါကို သူ့အနေနဲ့ ကောင်းကောင်းသယ်ဆောင်သွားနိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။

ရတ်ဖို့ဒ်ကအခုချိန်မှာယူနိုက်တက်အသင်းရဲ့အလံတော်ကိုမြှင့်တင်ပေးနိုင်ခဲ့ပေမယ့်ဒီအတွက်သူ့ခန္ဓာကိုယ်ကအပြစ်ပေးခံထားနေရပါပြီ။အချို့လူငယ်တွေက ဖွံ့ဖြိုးဆဲဖြစ်လို့ဒါကိုသတိပြုဖို့လိုပါတယ်။

အကယ်၍သူဟာချဲဆီး၊လီဗာပူးသို့မဟုတ်စပိန်ကလပ်တခုခုကိုရွေးချယ်ခဲ့ရင်တော့အဲ့ဒီအသင်းတွေကသူ့ရဲ့တိုးတက်မှုအတွက်အကူအညီဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့သူ့ကို တန်းသုံးဦးမှာမဟုတ်လို့ပါပဲ။

ဒီအတွက်ကြောင့်သူ့အနေနဲ့ လူအထင်ကြီး လေးစားနိုင်မယ့် ခြေစွမ်းကိုအတင်းကြီးလိုက်ပြဖို့ မလိုပါဘူး။အပတ်စဉ်တိုင်းမှာပွဲကစားခွင့်ရဖို့ အာမ မခံနိုင်ပေမယ့်ဒါဟာ မှန်ကန်သင့်တော်တဲ့ လမ်းစဉ်တခုကို လုပ်ဆောင်နေသလိုပါပဲ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နောက်ထပ် လီဗာပူး ခံစစ် ကစားသမား ဟောင်း တဦး ဖြစ်တဲ့ ကာရေဂါကတော့ – ” သူ ( ဆန်ချို )က အင်္ဂလိပ်တဦး ဖြစ်လို့ အင်္ဂလန်ကိုတော့ ပြန်လာချင်မှာသေချာပါတယ်။ဒါကြောင့်လည်း သူ့ကိုခေါ်ချင်တဲ့ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ တကယ်ကိုရေပန်းစားနေမှာပါပဲ။

ပရီးမီးယားလိဂ်မှာသူတောက်ပနိုင်ဦးမှာလားလို့မေးလာရင်တော့အဲ့လိုပဲကျွန်တော်ယူဆပါတယ်။လူပြိန်းအတွေးနဲ့ပဲတွေးကြည့်ရင်တောင်သူဟာ ထိပ်တန်းလိဂ်တခုရဲ့ ထိပ်တန်းအသင်းတသင်းမှာ ဖိအားတွေအောက်ကောင်းကောင်းကစားထားနိုင်နေတာပဲလေဗျာ။

သူဟာ ဒေါ့မွန် အတွက် အပတ်စဉ်တိုင်းမှာ ပွဲတိုင်းကို မရပ်မနား ကစားပေးနေရပါတယ်။သူ့ရဲ့ ကိန်းဂဏန်းအချက် အလက်တွေက အံ့မခန်းပါပဲ။သူ့ရဲ့ အသက် အရွယ်ဆိုတာကလည်း ပြီးပြည့်စုံတဲ့ အနေအထားမျိုးပါပဲ” လို့ပြောခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ဆန်ချိုဟာဒီရာသီဘွန်ဒက်လီဂါမှာ၁၅ဂိုးသွင်းပြီး၁၇ဂိုးအထိဖန်တီးပေးထားနိုင်ခဲ့တဲ့ကြယ်ပွင့်တဦးဖြစ်ပါတယ်။သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေအပြင် ဘာကာနဲ့ရီးရဲလ်တို့ကလည်း လေသံပစ်ထားဖူးပါတယ်။

 

SPORTS MYANMAR