ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ ဒုတိယပိုင်းကိုတော့ ဒီတစ်ပတ်မှာ ကန်သွား ရမှာ ဖြစ်ပြီး ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲကြီး ပွဲကောင်း ပါဝင် နေတာ ကတော့ တကယ့်ကို ရင်ခုန်စရာ ပါပဲ။ ချန်ပီယံလိဂ် ကလည်း လာမည့် တစ်ပတ် မှာ ပြန်လာ တော့မှာ ဖြစ်တာကြောင့် ရာသီကုန်ထိ ပွဲစဉ်တွေရဲ့ စီးဆင်းမှုကို လျှင်လျှင်မြန်မြန် တွေ့လာ ရတော့မှာ ဖြစ်ပါတယ်။

၁~ ဝုဖ် Vs လက်စတာ
ဝုဖ်ဟာ ယနေ့ညမှာ လက်စတာကို ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အိမ်ရှင်တို့သာ နိုင်ခဲ့မယ် ဆိုရင် top 6 ကို တက်လာမှာ ဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာ ရဲ့အသင်းဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၄ ပွဲမှာ အနိုင်ရတဲ့ အနေအထား ကနေ ရမှတ် ၈ မှတ် ဆုံးရှုံးထား ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိနေပေမယ့် ဒါဟာ စိတ်ပူစရာ ပါပဲ။

ကင်းပါဝါမှာ တွေ့ဆုံခဲ့တဲ့ ဒီနှစ်သင်းရဲ့ ရာသီ အဖွင့်ပွဲစဉ် ကတော့ ဂိုးမရှိ သရေနဲ့သာ ပြီးဆုံး ခဲ့ပါတယ်။ ကျွန်တော်ကတော့ မိုလီနီးယပ်မှာ သွင်းဂိုးတွေ အများကြီး မြင်ရမယ်လို့ မထင်မိ ပါဘူး။ အကယ်၍ အနိုင်ရတဲ့ အသင်း ရှိခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ ဝုဖ်အသင်းပဲ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ဝုဖ် ၁ – ၀ လက်စတာ

၂~ ဆောက်သမ်တန် Vs ဘန်လေ
ဆောက်သမ်တန်ဟာ ဒီရာသီ မှာ ရထားခဲ့တဲ့ စုစုပေါင်း ရမှတ်ရဲ့ ၆၅%ကို အဝေးကွင်းမှာ ရခဲ့တာ ဖြစ်ပါတယ်။ ဘန်လေဟာ နောက်ဆုံး အဝေးကွင်း ပွဲစဉ်မှာ မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ အနိုင် ရခဲ့ပေမယ့် ကျွန်တော်ကတော့ ဆောက်သမ်တန်ပဲ ၃ မှတ် ရသွားမယ်လို့ ထင်ပါတယ်။ စိန့်တို့ဟာ စပါးနဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲ ၊ လီဗာပူး နဲ့ ပထမပိုင်း တို့မှာ အကောင်းဆုံး ကစား နိုင်ခဲ့ ပါတယ်။ ကျွန်တော် ကတော့ ၂ သင်းစလုံး အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်မယ်လို့ မျှော်လင့်ထားပြီး ဟတ်ဆန်ဟုတယ် ရဲ့ အသင်းသာ အမြင့်ဆုံး အမှတ် စုဆောင်း နိုင်မယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ဆောက်သမ်တန် ၃ – ၁ ဘန်လေ

၃~ နော့ဝှစ် Vs လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ် မှာ နောက်ဆုံး ရမှတ် ၁၀၂ မှတ်ကနေ ရမှတ် ၁၀၀ ထိ စုဆောင်း နိုင်ခဲ့ပါတယ်။ ဇယားအောက်ဆုံးက နော့ဝှစ် အနေနဲ့ လီဗာပူးရဲ့ ချန်ပီယံလမ်းကြောင်းမှာ အဟန့်အတား ဖြစ်စေမယ်လို့ မထင်မိ ပါဘူး။ နော့ဝှစ်ဟာ ရာသီအစက အန်ဖီးမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းက လီဗာပူးကို တုန့်ပြန်မှုတွေ လုပ်နိုင် ခဲ့ပေမယ့် ပထမပိုင်း မှာတင် ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ နောက်ထပ် ၃ မှတ် ရယူကာ အက်သလက်တီကို နဲ့ ချန်ပီယံလိဂ် ပွဲကစားဖို့ မက်ဒရစ်ကို ထွက်ခွာ သွားမယ်လို့ မျှော်လင့် ထားပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – နော့ဝှစ် ၀ – ၃ လီဗာပူး

၄~ အာဆင်နယ် Vs နယူးကာဆယ်

အာဆင်နယ်ဟာ ၂၀၂၀ အတွင်း ၇ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး။ အာတီတာရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ရှိနေပေမယ့် ဂန်းနားတို့ဟာ သရေပွဲတွေ များနေပြီး ၃ပွဲနိုင် ၄ပွဲအထိ သရေကျခဲ့ ပါတယ်။ ကျွန်တော်ကတော့ လာမည့် တနင်္ဂနွေနေ့ အမ်းမရိတ်မှာ အာတီတာရဲ့ အသင်း အမှတ်ပြည့် ရသွားမယ်လို့ ထင်ပါတယ်။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာ မက်ဆီမင်ရဲ့ အချိန်ပို ဂိုးနဲ့ အတူ အောက်စ်ဖို့ဒ်ကို အနိုင်ယူကာ ၁၄ နှစ်အတွင်း 5th ကို ပထမဦးဆုံး အကြိမ် တက်နိုင်ခဲ့ ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမား ဟာ အမ်းမရိတ်မှာ အိမ်ရှင်တို့ကို ဒုက္ခပေး နိုင်စွမ်း ရှိပြီး ကျွန်တော် ကတော့ ၎င်းရဲ့ ဒီထက် ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို အများကြီး မြင်ချင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂ – ၁ နယူးကာဆယ်

၅~ အက်စတွန်ဗီလာ Vs တော့တင်ဟမ်
အက်စတွန်ဗီလာ အသင်းဟာ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ၉ ပွဲစလုံး ဂိုးသွင်း ထားနိုင် ခဲ့ပြီး စပါးဟာ နောက်ဆုံး ပွဲစဉ်မှာ စီးတီးကို ၂-၀ နဲ့ အနိုင်ရခဲ့ ပေမယ့် clean sheet တွေ ရဖို့ ရုန်းကန် နေရပါတယ်။ ကျွန်တော် ကတော့ ၂ သင်းစလုံး ဂိုးပေါက် ရှာတွေ့ သွားမယ်လို့ ယူဆမိပြီး ခြေမကွာဘဲ အကြိတ်အနယ် ဖြစ်မယ့် ပွဲစဉ် ဖြစ်မယ်လို့ ယုံကြည် ပါတယ်။

စပါးဟာ အဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာ ကို ၁ ဂိုး အရှုံးကနေ ပြန်လည် အနိုင် ရရှိခဲ့ပါတယ်။ ကျွန်တော် ကတော့ မော်ရင်ညို ရဲ့ အသင်း တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေတဲ့ ဒင်းစမစ်ရဲ့ အသင်းနဲ့ တွေ့မယ့် ပွဲစဉ်မှာ သရေတစ်မှတ် ဆိုရင် ကျေနပ် မယ်လို့ ထင်ပါတယ်။

၆~ ချဲလ်ဆီး Vs မန်ယူနိုက်တက်
မန်ယူနိုက်တက်ဟာ ဝုဖ်နဲ့ သရေကျခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၃ ပွဲဆက် လိဂ်ပွဲစဉ် ဂိုးပေါက်ပျောက် ခဲ့ရပါတယ်။ ကျွန်တော် ကတော့ ဒီတစ်ပတ် ရဲ့ အကောင်ဆုံး ပွဲစဉ် ဖြစ်တဲ့ စတန်းဖို့ဘရစ် ရဲ့ ပွဲကြီးပွဲကောင်းမှာ အခွင့်အရေးတွေ သိပ်ပြီး များများစားစား မြင်ရမယ်လို့ မထင်ပါဘူး။

ချဲလ်ဆီးတို့ ယူနိုက်တက်ကို နောက်ဆုံး အနိုင်ရခဲ့တာ ကတော့ ၂၀၁၈ ခုနှစ် အက်ဖ်အေဖလား ဖိုင်နယ်မှာ ဖြစ်ပြီး ယူနိုက်တက်ဟာ စတန်းဖို့ဒ်ဘရစ်မှာ လာကစားတဲ့ နောက်ဆုံး ၂ ပွဲဆက် နိုင်ထား ခဲ့ပြီး လိဂ်ဖလားနဲ့ အက်အေဖလား ပွဲစဉ်တွေမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ အဖွင့် ပွဲစဉ်မှာ ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၄-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့ပေမယ့် ချဲလ်ဆီး တို့ကလည်း တိုင် ၂ ကြိမ် ထိခဲ့တဲ့ အပြင် ဦးဆောင်ဂိုး ရဖို့လည်း နီးစပ် ခဲ့ပါတယ်။ ကျွန်တော် ကတော့ ချဲလ်ဆီး တို့ ခက်ခက်ခဲခဲ ကစားကာ အနိုင် ၃ မှတ် ရသွားမယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၁ မန်ယူနိုက်တက်

SM