မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ ရဲ့ နောက်ဆုံး ရက်စွဲ မှာ အသင်း ရဲ့ တိုက်စစ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ အတွက် တရုတ် ကလပ် ရှန်ဟိုင်း ရှန်ဟွာ အသင်း မှ ဝက်ဖို့ဒ် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း အိုဒီယံ အစ်ဂ်ဟာလို ကို အငှား ခေါ်ယူ ခဲ့ ပါတယ် ။

ဒါပေမယ့် တရုတ် ပြည်မှ ဝူဟန် ဗိုင်းရပ်စ် ရဲ့ ဂယက် တွေ ရှိနေ ခဲ့တာ ကြောင့် အစ်ဂ်ဟာလို ဟာ အသင်းဖော် သစ်တွေ နဲ့ အတူ စပိန် မြေကို လိုက်ပါ နိုင်ခြင်း မရှိ ခဲ့ပဲ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ ပဲ ကိုယ်ပိုင် နည်းပြ တစ်ဦး နဲ့ အတူ တစ်ကိုယ်တည်း လေ့ကျင့် နေခဲ့ ပါတယ် ။

ဒါ့ကြောင့် သူနဲ့ ယူနိုက်တက် ကစားသမား တွေဟာ တစ်ဦး အကြောင်း တစ်ဦး သိပ် မသိ ကြသေး ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ တိုက်စစ်မှူး သစ်ဟာ အသင်းဖော် တွေနဲ့ လေ့ကျင့်ချိန် မရှိ ခဲ့သေး ပေမယ့် ချဲလ်ဆီး နဲ့ ပွဲစဉ် အတွက် အဆင်သင် ဖြစ်နေ လိမ့်မယ် လို့ အတည်ပြု သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော့် အတွက် တော့ သိပ်ပြီး စဉ်စား စရာ မရှိ ပါဘူူး ။ ကျွန်တော့် တုန်းက တော့ ကွင်းထဲ ဝင်ဖို့ လေ့ကျင့်ရေး အစီအစဉ် တစ်ကြိမ် တောင် မလုပ် ခဲ့ရ ပါဘူး ။ တိုက်စစ်မှူး တစ်ယောက် ဟာ ပွဲစဉ် လိုက်ပါ ရပြီး အရံခုံ က တစ်ဆင့် ကွင်းထဲ ဝင်ရောက်ခွင့် ရပြီ ဆိုရင် ဂိုး ရရှိ အောင် ကြိုးစား ရ ပါ့မယ် ။ သူဟာ လုပ်နိုင် သမျှ အကုန် လုပ်ပြ ရပါ လိမ့်မယ် ”

” သူဟာ ကျွန်တော် တို့နဲ့ အတူ စတမ်းဖို့ဒ် ဘရစ်ချ် ကို လိုက်ပါ ခွင့် ရမှာ ဖြစ်ပြီး ကျွန်တော် တို့ အကြား မှာ ရှိနေ ခွင့် ရပါ လိမ့်မယ် ။ သူဟာ ကျွန်တော် တို့နဲ့ အတူ နှစ်ပါတ် လောက် လိုက်ပါ နိုင်ခြင်း မရှိ ခဲ့တာ က ကြိုတင် ကာကွယ် မှု တစ်ခု ပါပဲ ။ ဒီပွဲ မှာ သူ ပါဝင် ကစား ပေးနိုင် မလား ၊ မပေး နိုင်ဘူးလား ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ကြရ ပါ့မယ် ”

” ကျွန်တော် တို့ဟာ ဒီ ကြားထဲ သူနဲ့ အဆက်အသွယ် မပြတ် ရှိနေ ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့က သူ့ အတွက် အလုပ် ပေးခဲ့ ကြပြီး သူက အဲ့တာကို လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူ့ အတွက် ကတော့ တရုတ်ပြည်မှ ထွက်ခွာ လာခဲ့တဲ့ အတွက် အခက် အခဲ တွေ ရှိခဲ့ ပါတယ် ။ ဒါ့ကြောင့် အသင်းဖော် တွေနဲ့ အသင်း အကြောင်း သူ့ အနေ နဲ့ တက်နိုင် သလောက် အမြန်ဆုံး သိနိုင်ဖို့ ကြိုးစားရ ပါ့မယ် ”

” သူဟာ ဒီ ကြားထဲ အလုပ် တွေ အရမ်း ကြိုးစား ခဲ့ ပါတယ် ။ ဒါက သူ အချစ်ဆုံး အသင်း အတွက် ကစား ပေးရမှာ မို့လို့ အသက် 30 အရွယ် သူ့ကိုယ်သူ ပြန်လည် မောင်းနှင်တာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ အဲ့ဒီ အတွက် အကျိုး ကျေးဇူး ခံစား ရဖို့ ၊ ကျွန်တော် တို့တွေ အတွက် အထင်ကြီး စရာ ဖြစ်နိုင်အောင် လုပ်ပြ နိုင်ဖို့ မျှော်လင့် နေပါတယ် ”

” မားကပ်စ် ဒဏ်ရာ ရတဲ့ အတွက် ကျွန်တော် တို့ဟာ နောက်ထပ် တိုက်စစ်မှူး လိုအပ်တယ် လို့ ပြောခံ ခဲ့ရ ပါတယ် ။ ဒီ အချိန်မှာ ကျွန်တော် တို့ သွင်းဂိုးတွေ အတွက် အိုဒီယံ ကို အငှား ခေါ်ခွင့် ပိုင်ဆိုင် နိုင်ခဲ့ ကြ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း အာဖရိက ဖလား ပြိုင်ပွဲ မှာ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့ သူပါ ။ သူဟာ ကျွန်တော် တို့ အသင်း ကို ကူညီ ပေးနိုင် ပါတယ် ”

” သူဟာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ပါ ။ အသင်း အတွက် တစ်စုံတခု ယူဆောင် ပေးလာနိုင် ပါလိမ့်မယ် ။ ဒါ့ကြောင့် သူ့ကို ခေါ်ယူ နိုင်ခဲ့ခြင်း က ကျွန်တော် တို့ကို ခြားနား တဲ့ တိုက်စစ် ကစားပုံ တစ်ခု ပိုင်ဆိုင် စေနိုင် လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အားထားရတဲ့ ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ပေါ့ဂ်ဘာ ( ခြေချင်းဝတ် ) နဲ့ တော်မီနေး ( ဒူး ) တို့ဟာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် ကို ဒဏ်ရာ ပြသနာ တွေ ကြောင့် ကစား ခွင့် ဆက်လက် လွဲချော် ကြဦးမှာ ဖြစ်ကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ချဲလ်ဆီး နဲ့ ပွဲစဉ် အတွက် ကျွန်တော် တို့ရဲ့ ဒဏ်ရာရ ကစား သမား တွေကို ပြန်လည် ပိုင်ဆိုင်ရ လိမ့်မယ် လို့ မတွေးလိုက် ပါနဲ့ ။ တော်မီနေး ၊ တွမ်ဇီဘီ နဲ့ ဖိုဆူမန်ဆာ့ တို့ဟာ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ သိပ် မပါနိုင် ခဲ့ကြ ပါဘူး ။ သူတို့ တွေဟာ ပွဲ ကစား ဖို့ အဆင်သင့် မဖြစ် ကြသေး ပါဘူး ။ ပြီးတော့ ပေါလ် လည်း အဆင်သင့် မဖြစ်သေး ပါဘူး ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဝုလ်ဗ် အသင်း နဲ့ ကစား ခဲ့တဲ့ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် အတွင်း နှစ်ဝါ တစ်နီ နဲ့ ထွက်ခဲ့ ရတဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် ကတော့ တစ်ပွဲ ပယ်ထား ခံခဲ့ပြီ ဖြစ်တဲ့ အတွက် အသင်း ဟောင်း ချဲလ်ဆီး နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ယူနိုက်တက် အတွက် ပြန်လည် ပါဝင် လာပါ လိမ့်မယ် ။

ချဲလ်ဆီး နဲ့ ပွဲစဉ် အတွက် ယူနိုက်တက် အသင်း ရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ခန့်မှန်း Line Up

ဒီဂီယာ

ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွားယား ၊ လုခ်ရှော

မာတစ် ဖရက်ဒ်

မာတာ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ဒန်နီယယ် ဂျိမ်းစ်

မာရှယ်

#Sports_Myanmar