မန်ချက်စတာ စီးတီး ဘောလုံး အသင်း ရဲ့ ချန်ပီယံ လိဂ် ဝင်ခွင့် ပိတ်ပင် ခံရမှု သတင်း ဟာ ယမန်နေ့ ညပိုင်း က ဘောလုံး ကမ္ဘာ ကို ထိတ်လန့် အံ့အားသင့် စေခဲ့ ပါတယ် ။ ကစား သမား အင်အား တောင့်တင်းပြီး ပက် ဂွာဒီယိုလာ လို နည်းပြ ကောင်း ကို ပိုင်ဆိုင် ထားတဲ့ မန်စီးတီး ဟာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အသင်း တစ်သင်း အဖြစ် အလေးပေး ခံထားရချိန် မှာ ယခုလို ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ မှု ဟာ များစွာ နစ်နာစေခဲ့ ပါတယ် ။ ဒါ့အပြင့် နောက်ဆက်တွဲ ပြဿနာ တွေ ကိုလည်း ရင်ဆိုင် ဖြေရှင်း ရတော့မှာ ဖြစ် ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ UEFA က ချမှတ် ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့တာ ကြောင့် ယခုလို ပိတ်ပင် ခံ ခဲ့ရတာ ဖြစ်တယ်လို့ သိရပြီး ငွေဒဏ် အဖြစ် ယူရို သန်း ၃၀ လည်း ပေးဆောင် ရမယ် လို့ သိရ ပါတယ် ။

“ဇန်နဝါရီ ၂၂ ရက် ၊ ၂၀၂၀ ခုနှစ် မှာ ပြုလုပ် ခဲ့တဲ့ ကြားနာ စစ်ဆေးမှု အရ ၊ ဟိုဆေး ဒါကန်ဟာ ရိုဒရီဂွက် ဦးဆောင်တဲ့ Adjudicatory Chamber of the UEFA Club Financial Control Body ( CFCB ) ကိုယ်စားပြု အဖွဲ့ ဟာ မန်ချက်စတာ စီးတီး အသင်း အတွက် ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းချိုး ဖောက်မှု အပေါ် အဆုံးသတ် ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ပါတယ်”

“စစ်ဆေး တွေ့ ရှိချက်တွေ အရ မန်ချက်စတာ စီးတီး ဘောလုံး အသင်း ဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် အတွင်းမှာ စပွန်ဆာ ငွေကြေးတွေ ကနေ ရရှိတဲ့ ဝင်ငွေတွေ ကို မမှန်မကန် ဖော်ပြပြီး UEFA က ချမှတ် ထားတဲ့ လိုင်စင် ပြုလုပ်မှု နဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေ ကို ပြင်းပြင်း ထန်ထန် ချိုးဖောက် ထားတယ် လို့ ကောက်ချက်ချ နိုင်ခဲ့ ပါတယ်”

“ဒါ့အပြင် ဘောလုံး အသင်းဟာ CFCB ရဲ့ စုံစမ်းစစ်ဆေး မှုမှာလည်း ပူးပေါင်း ပါဝင် ဖို့ ပျက်ကွက် ခဲ့တာ ကို လည်း တွေ့ ရှိခဲ့ရ ပါတယ် ။ ဒါကြောင့် ၂၀၂၀ – ၂၀၂၁ နဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီတွေ ရဲ့ UEFA က ကြီးမှုး ကျင်းပမယ့် ဥရောပ ကလပ် ပြိုင်ပွဲတွေ ကနေ မန်ချက်စတာ စီးတီး အသင်း ကို ပါဝင် ယှဉ်ပြိုင်ခွင့် ပိတ်ပင် လိုက်ပါတယ်”

 

“ဒီ ဆုံးဖြတ်ချက် အပေါ် ကျေနပ်မှု မရှိပါက Court of Arbitration for Sport ( CAS ) က တဆင့် အယူခံ ဝင်နိုင် ပြီး CAS ရဲ့ ဆုံးဖြတ်ချက် ဟာ ပြစ်ဒဏ်ကို လျော့ပေါ့ ပေးစေနိုင်ပါတယ်” လို့ UEFA က ယမန်နေ့ ည ပိုင်း မှာ ထုတ်ပြန် သွားခဲ့ ပါတယ် ။

မန်ချက် စတာ စီးတီး အသင်း ကတော့ သူတို့ ဟာ ဒီဆုံးဖြတ်ချက် အတွက် အံ့သြ ခြင်း မရှိပေမယ့် ဒီလို ဆုံးဖြတ်ချက် ရောက်ရှိ လာမှု အတွက် တော့ စိတ်ပျက် ခဲ့ရတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် မန်စီးတီး ဟာ Court of Arbitration for Sport ( CAS ) က တဆင့်လည်း အယူခံ ဝင်ဖို့ လုပ်ဆောင် သွားမယ် လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ဟာ အဘူဒါဘီ စီးပွားရေး အင်အား စုကနေ ဝယ်ယူပြီး နောက်ပိုင်း မှာ အသင်းကြီး တစ်သင်း ဖြစ်လာ ဖို့ အလျှင်အမြန် ပုံဖော် ခဲ့ပြီး ဘဏ္ဍာရေး အင်အားတောင့်တင်း စေဖို့ လှည့်ကွက် တွေ လုပ်ဆောင် ခဲ့ ပါတယ် ။ ဒီ အထဲ မှာ အဘူဒါဘီ စီးပွားရေး အင်အားစုက ပိုင်ဆိုင်တဲ့ အီးမရိတ် နဲ့ စာချုပ် ချုပ်ဆိုမှု ပါဝင် ခဲ့ပြီး ကွင်းသစ် ရဲ့ အမည် ကို ရောင်းချမှု အပါ အဝင် ဝင်ငွေ များစွာ ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် UEFA ရဲ့ အဆို အရ စီးတီး ဟာ စပွန်ဆာ စာချုပ် မှာ ရရှိတဲ့ ငွေ ပမာဏ ကို တိုးမြှင့် ဖော်ပြ ခဲ့ပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေ ကို လက်တလုံးခြား လုပ်ဆောင် ခဲ့တယ် လို့ ပါရှိခဲ့ ပါတယ် ။ စီးတီး ဟာ ၂၀၁၁ – ၁၂ ဘောလုံး ရာသီ ကနေ ၂၀၁၆ – ၁၇ ရာသီ အတွင်း ထိပ်တန်း ကစား သမား မြောက်များစွာ ကို ဝယ်လိုက် – ရောင်းလိုက် ပြုလုပ်ပြီး အသင်းကို ချက်ချင်း အင်အားကြီးထွား လာအောင်လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။

အခု အချိန် မှာတော့ စီးတီး ဟာ အဆိုပါ အချိန် တုန်းက လုပ်ရပ်တွေ ရဲ့ အကျိုးဆက် ကို ခံစားခဲ့ ရပြီ ဖြစ်ပါတယ် ။ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ကလည်း မန်စီးတီး ရဲ့ အပြစ်ဒဏ် ကျခံ ရမှု အပေါ် စတင် စုံစမ်းတော့ မှာ ဖြစ်ပြီး ရမှတ်တွေ လျော့ချ ခြင်း ၊ ဖလား သိမ်းခြင်းတွေ ပြုလုပ် သွားဖို့ ရှိနေတယ် လို့ ကြားသိရ ပါတယ် ။

၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် အတွင်း မန်ချက်စတာ စီးတီး ဝယ်ယူခဲ့သည့် ကစား သမားများ ( တန်ဖိုး အပါအဝင် ) ( ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း နှင့် အထက် )

၂၀၁၁ – ၁၂
အဂွေရို ( ယူရို သန်း ၄၀ )
နာဆရီ ( ယူရို ၂၈ သန်း )
ဆာဗစ် ( ယူရို ၁၂ သန်း )

၂၀၁၂ – ၁၃
ဂျာဗီ ဂါစီယာ ( ယူရို သန်း ၂၀ )
နက်စ်တာဆစ် ( ယူရို ၁၅ သန်း )
ဂျက် ရော့ဒ်ဝဲလ် ( ယူရို ၁၅ သန်း )

၂၀၁၃ – ၁၄
ဖာနန်ဒင်ဟို ( ယူရို သန်း ၄၀ )
ဂျိုဗီတစ် ( ယူရို ၂၆ သန်း )
နီဂရီဒို ( ယူရို ၂၅ သန်း )
ဂျီးဆပ် နာဗက် ( ယူရို သန်း ၂၀ )

၂၀၁၄ – ၁၅
မန်ဂလာ ( ယူရို ၄၅ သန်း )
ဘိုနီ ( ယူရို ၃၂ သန်း )
ဖာနန်ဒို ( ယူရို ၁၅ သန်း )

၂၀၁၅ – ၁၆
ကီဗင် ဒီဘရိုင်း ( ယူရို 76 သန်း )
စတာလင် ( ယူရို ၆၃ သန်း )
အော့တာမန်ဒီ ( ယူရို ၄၄.၅ သန်း )
ဖေဘီယံ ဒဲ့ဖ် ( ယူရို ၁၁.၅ သန်း )

2016 – 17
ဂျွန်စတုန်း ( ယူရို ၅၅.၆ သန်း )
ဆာနေး ( ယူရို သန်း ၅၀ )
ဂါဘရီရယ် ဂျေဆူး ( ယူရို ၃၂ သန်း )
ဂန်ဒိုဂမ် ( ယူရို 27 သန်း )
ဘရာဗို ( ယူရို ၁၈ သန်း )
နိုလီတို ( ယူရို ၁၈ သန်း )

SPORTS MYANMAR