မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ် ရဲ့ အတုအယောင် ၊ ကြွားဝါမှု တွေဟာ ပြသနာ တစ်ရပ် ဖြစ်သလို အသင်းဖော် တွေ အတူတကွ စုစည်းမှု မရှိ ကြဘူး ဆိုတဲ့ မှတ်ချက်ပေး စကား ကို ငြင်းဆန် ပယ်ချ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ မှတ်ချက်ပေး စကား ကိုတော့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် ဟာ ဆောင်း ရာသီ ပိတ်ရက် ရရှိ ခဲ့စဉ် တုန်းက စပိန် မြေက မာဘယ်လာ လေ့ကျင့်ရေး ကွင်းမှ အင်တာဗျူး အစီ အစဉ် တစ်ခု မှာ ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

ဖရက်ဒ် ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ပေါ့ဂ်ဘာ နဲ့ တော်မီနေး တို့ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ကြတဲ့ အချိန် ကွင်းလယ် မှာ အရေး ပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာ ခဲ့သူ ပါပဲ ။ ဒါ့ကြောင့် သူ အခုလို ပြောကြား ခဲ့ချိန် ပရိသတ် တွေက အံ့သြ ခဲ့ကြ ပါ သေးတယ် ။

” ကျွန်တော် တို့ တွေဟာ အခု အချိန် မှာ လိုအပ် နေတာ အများကြီး ပါပဲ ။ ပထမဆုံး အနေ နဲ့ ကျွန်တော် တို့ဟာ ကွင်းထဲ မှာ ဖြစ်ပေါ် နေတာ တွေ အတွက် အဖြေ ရှာရ ပါ့မယ် ။ ကျွန်တော် တို့ဟာ ဖန်တီး နိုင်မှု စွမ်းရည် တွေကို လိုအပ် နေ ပါတယ် ။ အထူးသဖြင့် ကွင်းလယ် မှာပေါ့ ”

” ကျွန်တော် တို့ဟာ အစုအဖွဲ့ တစ်ခု အနေ နဲ့ တိုးတက် ကောင်းမွန် ဖို့လည်း လိုအပ် နေပါ သေးတယ် ။ ကျွန်တော် တို့ အသင်း ဟာ အတူတကွ စုစည်း နေထိုင် ရမယ့် စိတ်ဓါတ် မျိုးကို လိုအပ် နေ ပါတယ် ။ ကျွန်တော် တို့ အသင်း မှာက ပြသနာ တွေ အများကြီး ပါပဲ ”

” ဒီ အတွက် ကျွန်တော် တို့ အတူတကွ ဆွေးနွေး စရာ တွေလည်း အများကြီး ရှိနေ ပါတယ် ။ အသင်း တိုင်းမှာ အခုလို ပြသနာ မျိုးတွေ ရှိတက် ပါတယ် လေ ။ ဒါပေမယ့် ကျွန်တော် တို့ အသင်း ရဲ့ ပြသနာ တွေက အဲ့တာတွေ ပါပဲ ( အထက်ပါ ပြော စကားများ ) ”

” အတုအယောင် ကြွားဝါမှု တွေကလည်း ပြသနာ တစ်ရပ် ပါပဲ ။ ကျွန်တော် တို့ အဲ့တာ တွေကို ရပ်တန့် ပစ်ပြီး ကွင်းထဲ မှာပဲ ပြေးလွှား နေရ ပါ့မယ် ။ ကျွန်တော် တို့ဟာ စိတ်ထဲ ပန်းတိုင် တစ်ခု ထားရှိပြီး အဲ့ဒီ အပေါ် အာရုံ စိုက်ရင်း အတူတကွ ရှေ့ဆက် ကြရ ပါ့မယ် ”

” ကျွန်တော် တို့ အားလုံးဟာ တူညီတဲ့ စာမျက်နှာ တစ်ခု အပေါ် မှာပဲ ရှိနေ ကြရ ပါ့မယ် ။ ဒါပေမယ့် အခုခေတ် မှာတော့ အချို့ ကစားသမား တွေ ဆီမှာ မတူညီ တဲ့ ပန်းတိုင် တွေ ရှိနေ ကြ ပါပြီ ။ အချို့ ကစားသမား တွေက ပြသနာ တွေကို တစ်ကိုယ်တည်း ဖြေရှင်း လိုနေ ကြပါတယ် ။ အဲ့တာက မှားယွင်း တဲ့ အရာ တစ်ခု ပါပဲ ” လို့ ဖရက်ဒ် က ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တွေ စပိန် မြေမှ ကာရင်တန် လေ့ကျင့်ရေး ကွင်းကို အပြန် မှာ ဆိုးလ်ရှား ဟာ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက်လို့ အမေး ခံလိုက် ရတဲ့ အချိန် အခုလိုပဲ ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ ပါတယ် ။

” အသင်း က တစ်စုတစည်း ထဲ ရှိနေ ပါတယ် ။ အဲ့ဒီ အတွက် မစိုးရိမ် ပါနဲ့ ။ ကျွန်တော် ကတော့ အဲ့ဒီ အင်တာဗျူး ကို မမြင် ခဲ့ရ ပါဘူး ။ ဒါ့ကြောင့် ကျွန်တော် အဲ့တာ ကို နား မလည် တာလဲ ဖြစ်နိုင် ပါတယ် ။ ကျွန်တော် ကတော့ သူ့ကို မီးဖိုချောင် မှာ ထိုင်နေ ခဲ့တာ ကိုပဲ မြင်တွေ့ ခဲ့ရ တယ်လေ ”

” ဒီ အသင်း ရဲ့ ကစားသမား တွေက အတူတကွ စုပေါင်းပြီး အသင်း အတွက် အရာ အားလုံး ကို ပေးဆပ် ကစား ချင်တယ် ဆိုတာ ကို ဖရက်ဒ် ကိုယ်တိုင် လည်း သိရှိ ပါတယ် ။ ဒါ့ကြောင့် သူ ပြောခဲ့တာ တွေကို ဘယ်လို အဓိပ္ပါယ် ကောက်ရ မလဲ ဆိုတာ ကျွန်တော် ဖြင့် မသိ ပါဘူး ”

” ဒါပေမယ့် ကျွန်တော် အတွက် ကတော့ ဖရက်ဒ် နဲ့ ပတ်သက်လို့ ဘယ်လို ပြသနာ မျိုးမှ မရှိ သလို ဒီ အစုအဖွဲ့ ထဲမှာလည်း လက်ရှိ အချိန် အထိ ဘယ်လို ပြသနာ မျိုးမှ ရှိ မနေ ပါဘူး ” လို့ ဆိုးလ်ရှား က ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar