မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား ဟာ ယမန်နေ့ ညက ပိုင်းက ကစား ခဲ့တဲ့ ပရီးမီး ယားလိဂ် ပွဲစဉ် က ချဲလ်ဆီး တိုက်စစ်မှုး မစ်ချီ ဘတ်ရှူဝါရီ ကို မတော် တဆ ကန်မိ ခဲ့မှု နဲ့ ပတ်သက်ပြီး တောင်းပန် စကား ဆိုခဲ့တယ် လို့ သိရ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ စတမ်းဖိုဒ့် ဘရစ် မှာ ချဲလ်ဆီး အသင်း နဲ့ ယှဉ်ပြိုင် ခဲ့ပြီး ၂ – ၀ ရလဒ် နဲ့ အနိုင် ရကာ မန်ချက်စတာ ကို ၃ မှတ်ယူပြီး ပြန်လာ နိုင်ခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွဲယား ဟာ ပထမပိုင်း မှာ ကွင်းဘေး ကို လဲကျရင်း ချဲလ်ဆီး တိုက်စစ်မှုး မစ်ချီ ဘတ်ရှူဝါရီ ရဲ့ ပေါင်ကြား ကို ခြေထောက် နဲ့ ကန် မိခဲ့ ပါတယ် ။ အဆိုပါ ဖြစ်ရပ် ဟာ ချဲလ်ဆီး နည်းပြ အဖွဲ့ ရဲ့ ခုံတန်း ရှေ့ မှာ ဖြစ်ခဲ့ပြီး ချဲလ်ဆီး အသင်း ဘက်က အနီကဒ် ပြဖို့ တောင်းဆို ခဲ့ ပါတယ် ။

ဒါပေမယ့် ကွင်းလယ်ဒိုင် အန်တိုနီ တိုင်လာ ဟာ VAR ကို အကူအညီ တောင်းခံ ခဲ့ပြီး စစ်ဆေး ရာမှာတော့ ပြင်းထန်တဲ့ ထိတွေ့မှု မဟုတ်ဘူးလို့ ဆုံးဖြတ်ကာ မက်ဂွဲယား ကို သက်ညှာ ပေးခဲ့ ပါတယ် ။ ဒါကြောင့် အင်္ဂလန် ခံစစ်မှုး ဟာ ကွင်းထဲမှာ ဆက်ရှိ နေခဲ့ပြီး အရေးပါတဲ့ ဒုတိယ ဦးဆောင်ဂိုး ကို ဒုတိယပိုင်း မှာ ခေါင်းတိုက် သွင်းယူ နိုင်ခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ မက်ဂွဲယား က သူ့ အနေဖြင့် ဘတ်ရှူဝါရီ ကို ထိန်းဖို့ ခြေထောက် ထုတ်ခဲ့တာ ကို ဝန်ခံ ကြောင်း ပြောဆို ခဲ့ ပေမယ့် နာကျင်လိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ ကြောင်း နဲ့ အနီကဒ် မပြ ခံရမှု ဟာလည်း မှန်ကန်တယ် လို့ ထင်မိ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“သူ့ကို ကန်မိ တယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူက ကျွန်တော့ အပေါ် ပြုတ်ကျ တော့ မှာပါ ။ ပက်လက် အနေ အထား မှာ သူ့ကို လှမ်း ထိန်းထား ဖို့ က ခြေထောက် နဲ့ ထောက် ထားဖို့ပဲ ရှိပါတယ် ။ ဒါကြောင့် ကျွန်တော့ ရဲ့ အလိုအလျောက် တုန့်ပြန်မှု ကနေ သူ့ကို လှမ်းထောက် မိခဲ့တာပါ”

“ဖြစ်ချင်တော့ ဖိနပ် က ပေါင်ကြားထဲ ဝင်သွားခဲ့ ပါတယ် ။ အားတော့ မပါ ပါဘူး ။ ရုပ်သံ ပြကွက် ထဲ မှာ တော့ တကယ်ဖြစ်တာ ထက် ပိုပြီး ကြည့်ရဆိုးခဲ့ ပါတယ် ။ ဒါပေမယ့် နာကျင်စေလို တဲ့ ရည်ရွယ်ချက် မပါ ခဲ့သလို အားလည်း မထည့် ထားပါဘူး”

“သူ့ကို ထိမိ တဲ့ အချိန် မှာ စိုးရိမ် စိတ်တော့ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ဆုံး မှာတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ကို ရခဲ့ ပါတယ် ။ ဒီ အတွက်လည်း သူ့ကို ( ဘတ်ရှူဝါရီ ) တောင်းပန် ခဲ့ပြီး ပါပီ ။ ဒိုင်ကလည်း ဒါကို မြင်ခဲ့ ပုံပါပဲ” လို့ ဟယ်ရီ မက်ဂွဲယား က ပြောဆို သွားခဲ့ ပါတယ် ။

 

မက်ဂွဲယား ဟာ ဒုတိယ ပိုင်း ၆၆ မိနစ် မှာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ရဲ့ ထောင့်ကန်ဘော ကို ခေါင်းတိုက် ပြီး ယူနိုက်တက် အတွက် ဒုတိယ ဂိုးကို သွင်းယူ ပေးခဲ့ ပါတယ် ။ အဆိုပါ ဂိုး ဟာ ပွဲ အတွက် အရေးပါ ခဲ့ သလို မက်ဂွဲယား အတွက်လည်း ယူနိုက်တက် အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်စေခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ ယူနိုက်တက် ခံစစ်ကြောင်း ကိုလည်း ဦးဆောင်မှု ပေးနိုင် ခဲ့ပြီး ဒုတိယ ပိုင်းမှာ ချဲလ်ဆီး အသင်း ရဲ့ ထိုးဖောက် ကန်သွင်းမှု တွေကို ကောင်းစွာ တားဆီး နိုင်ခဲ့ ပါတယ် ။ မက်ဂွဲယား က ဒီနိုင်ပွဲ ဟာ အသင်းရဲ့ ကျစ်လျစ် တဲ့ ကစားပုံ အတွက် ဂုဏ်ပြု ပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“အသင်း ရဲ့ ကစားပုံက ကျစ်လျစ် ခဲ့ ပါတယ် ။ ချဲလ်ဆီး ကို လွယ်လွယ် နဲ့ မနိုင်ဘူး ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက် ထားခဲ့ ကြပြီးသားပါ ။ အခု ၃ မှတ် ဟာ အရမ်းပဲ အဖိုးတန် လှပါတယ် ။ ဒီရာသီ မှာ ကျွန်တော်တို့ က တကယ်ကို ခြေစွမ်း မတည်မငြိမ် ဖြစ်ခဲ့ ကြတာပါ ။ ဒါပေမယ့် အခုလို နိုင်ပွဲ က အသင်း အတွက် စိတ်အား တက်စေခဲ့ ပါတယ်”

“ယူနိုက်တက် အတွက် သွင်းဂိုး ရဖို့ အချိန် အကြာကြီး စောင့်ခဲ့ရ ပါတယ် ။ ဒီလို အရေးပါတဲ့ ပွဲမှာ ဂိုးသွင်း နိုင်ခဲ့တဲ့ အတွက် လည်း အရမ်း ပျော်ရွှင် မိပါတယ် ။ နောက်ထပ်လည်း ဂိုးတွေ သွင်းနိုင် ဖို့ မျှော်လင့် ထားပါတယ်” လို့ မက်ဂွဲယား က ပြောဆိုသွား ခဲ့ ပါတယ် ။

အဆိုပါ ပွဲ ကို တင်ဆက် သုံးသပ် ခဲ့ကြတဲ့ နာမည်ကျော် ဘောလုံး သမား ဟောင်းတွေ ကတော့ ဟယ်ရီ မက်ဂွဲယား အထုတ် မခံ ခဲ့ရတာ ဟာ ကံကောင်း လှတယ် လို့ ဆိုခဲ့ကြ ပါတယ် ။ ဒီ အထဲ မှာ ယူနိုက်တက် ကစား သမား ဟောင်းတွေ ဖြစ်တဲ့ ရွိုင်ကင်း နဲ့ ဂယ်ရီ နဗီးလ် တို့ပင်ပါဝင် ကြပြီး စပါး တောင်ပံ ကစား သမား ဆွန်ဟောင်မင် အနီကဒ် ထိခဲ့ပုံ နဲ့ နှိုင်းယှဉ် ကာ သုံးသပ် ခဲ့ကြတာဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီနိုင်ပွဲ ကြောင့် အဆင့် 7 နေရာကို ရောက်ရှိ လာခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီး နဲ့ လည်း ၃ မှတ်သာ ကွာဟ ပါတော့တယ် ။ လာမယ့် ကြာသပတေး နေ့ ည မှာတော့ ယူနိုက်တက် ဟာ ယူရိုပါ လိဂ် ၃၂ သင်းအဆင့် ရှုံးထွက် ပွဲစဉ် ပထမ အကျော့ အဖြစ် ကလပ် ဘရုဂေး အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR