ဂန်းနား တိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ် က ယူရိုပါလိဂ် ဒုတိယ အကျော့ပွဲစဉ်မှာ အာဆင်နယ် အသင်း နည်းပြ အာတီတာ အနေနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်း ပြသနေတဲ့ နီကိုလပ်စ် ပေပေ ကို ချန်လှပ်ပြီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ကို နေရာ ပေးသင့်ကြောင်း ဆိုပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက လိုင်လီ အသင်းကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောက်ရှိလာတဲ့ နီကိုလပ်စ် ပေပေ ဟာ နယူးကာဆယ် အသင်းနဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပြီး ​ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အဲဗာတန် ကို အနိုင်ရတဲ့ ပွဲမှာလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ချာလီ နီကိုလပ်စ် ကတော့ Sky Sports မှာ အိုလံပီယာကောစ့် နဲ့ ယူရိုပါလိဂ် ဒုတိယ အကျော့ ပွဲစဉ်မှာ ပေပေ ကို ချန်လှပ်ပြီး မာတီနယ်လီ ကို အူဘာမီယန်း ၊ လာကာဇက် တို့နဲ့ အတူ ပွဲထွက် အသုံးပြု သင့်ကြောင်း ပြောကြား သွား ခဲ့ ပါတယ် ။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် အဆင့် ပထမအကျော့တုန်းက အဝေးကွင်းမှာ လာကာဇက် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရထားပြီး ဒုတိယအကျော့ အဖြစ် ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ အိုလံပီယာကောစ့်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ ။

နီကိုလပ်စ် က အာဆင်နယ် နဲ့ အိုလံပီယာကောစ့် ရဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ် အပေါ် ” အာဆင်နယ် အသင်း သေချာပေါက် နိုင်ပွဲ ရလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး ၊ အာတီတာ အနေနဲ့ အဲဗာတန် နဲ့ ပွဲက အချက်အလက်တွေ ၊ ပေးဂိုး ၂ ဂိုး ခွင့်ပြုရတဲ့ အပေါ် ပြန်လည် ဆန်းစစ်ရမှာပါ ။ “

” လီနို က အာဆင်နယ် အသင်းရဲ့ နေရာပေါက်တွေကို ကာကွယ် နိုင်ခဲ့ပေမယ့် ဒုတိယသွင်းဂိုးကတော့ သူ့ရဲ့ ချွတ်ချော်မှုကြောင့် ပေးလိုက်ရတာပါ ။ ဒီတစ်ပတ်ပွဲ ( အိုလံပီယာကောစ့်နဲ့ပွဲ) မှာတော့ ဝီးလော့ ၊ လာကာဇက် တို့ ပါဝင် လာလိမ့်မယ်လို့ ထင်ပါတယ် ။ “

” သွင်းဂိုး​တွေ ရဖို့ အတွက်တော့ အူဘာမီယန်း ကို ဆက်လက် အသုံးပြု ရမှာပါ ၊ နီကိုလပ်စ် ပေပေ က ဆက်ပြီး အသုံးပြု နိုင်သလား ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ် ။ သူက ပွဲထွက်ခွင့် ထိုက်တန်သလား ဆိုတော့ မထိုက်တန်ပါဘူး ၊ ကျွန်တော်ကတေ့ာ မာတီနယ်လီ ကို မျက်စိကျနေပါတယ် ။ “

“ကာရာဘောင်း ဖိုင်နယ် ရှိနေတာကြောင့် မန်ချက်စတာ စီးတီး နဲ့ ပွဲကတော့ ရွှေ့ဆိုင်းလိုက်ရပါတယ် ၊ ဒါကြောင့် အာဆင်နယ် အနေနဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ အာရုံစိုက်ထားသင့်ပါတယ် ၊ နောက်တန်းကတော့ ကမောက်ကမ ဖြစ်နေဆဲပါ ၊ ဒါပေမယ့် အာတီတာကတော့ အပြောင်းအလဲ လုပ်ပါလိမ့်မယ် ။ “

” ဆိုကရက်တစ် ပါပါစတာဒို ဖိုပလိုစ့် ပြန်လည် ပါဝင်လာနိုင်ပြီး ဘယ်လာရင် ကတော့ ချန်လှပ်ခံရနိုင်ချေ ရှိပါတယ် ။ နောက်တန်းမှာ တိုက်စစ် ကော ခံစစ် အတွက်ကော အားကိုးရတဲ့ ဆာကာ ကို အသုံးပြု သင့်ပါတယ် ၊ အာဆင်နယ် ၃-၁ နဲ့ နိုင်ပါလိမ့်မယ် ။ ” လို့ သုံးသပ် သွားခဲ့ပါတယ် ။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူ ထားပါတယ် ။

SPORTS MYANMAR