Unicode

ယူဗင်တပ် အသင်း ရဲ့ တောင်ပံ ကစား သမား ဒေါက်ကလပ် ကော်စတာ က အီတလီ ချန်ပီယံ အသင်းသား တွေ ဟာ ဒီနှစ် အတွင်း မှာ ကာယပိုင်း ဆိုင်ရာ တိုးတက် မှု တွေ ရှိလာ ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပြီး ဒါဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အကျိုး သက်ရောက်မှု ဖြစ်တယ် လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။ ဒါ့ အပြင် ကော်စတာ က ရိုနယ်ဒို မှာ အဆုံး မရှိတဲ့ ရည်မှန်း ချက် တွေ ပိုင်ဆိုင် ထားပြီး အောင်ပွဲ ရှင် တစ်ဦး ဖြစ်တယ် လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ ရာသီ မစတင် မီမှာ ယူဗင်တပ် အသင်း ဆီ ကို ပြောင်းရွှေ့ လာခဲ့ တာဖြစ်ပြီး အသင်း အတွက် အားထား ရသူ တစ်ဦး ဖြစ်လာ ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ အသက် ၃၄ နှစ် ရှိပြီ ဖြစ်ပေမယ့် လူငယ် တစ်ယောက်လို ကစား နိုင်ဆဲ ဖြစ် ပါတယ် ။

ရိုနယ်ဒို ဟာ သူ့ရဲ့ ကြံ့ခိုင်မှု ကို အထူး အလေးပေး သူ တစ်ဦး ဖြစ်ပြီး အစား အသောက် ၊ အနေ အထိုင် တွေကို အထူး ကြပ်မတ် လုပ်ဆောင် သူ အဖြစ် အားကစား သမား တွေ အကြားမှာ ထင်ရှား ကျော်ကြား ခဲ့ ပါတယ် ။

ဒီ အလေ့ အကျင့် ကောင်းတွေ ကို ရောက်လေရာ အရပ်မှာ ရိုနယ်ဒို တစ်ယောက် စောင့်ထိန်း ထားခဲ့ပြီး ယူဗင်တပ် ကို ပြောင်းရွှေ့ လာချိန် မှာတော့ အသင်းဖော်သစ် တွေ ရဲ့ စံ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာ ခဲ့ပါ တယ် ။

“ကျွန်တော့ အသက် က ၂၉ ရှိ ပါပြီ ။ ကြံ့ခိုင်မှု ကို အမြဲတမ်း ထိန်းသိမ်း ထားနိုင် ဖို့ ကို အခြား အရာတွေ ထက် ပိုပြီး အလေး ထားခဲ့ ပါတယ် ။ ဒီလို နေရာမျိုး မှာ ခရစ္စတီယာနို ရိုနယ်ဒို က စံပြ ပါပဲ ။ သူ့ရဲ့ ကာယပိုင်း ကြံ့ခိုင်မှု ဟာ တကယ့် ကို အံ့သြ ဖို့ ကောင်းပါတယ်”

“သူ အသင်း ကို ရောက် လာတဲ့ အခါ မှာ သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ တည်ဆောက်ပုံ ဟာ အသင်းသား တွေ ကို တွန်းအား ဖြစ်စေ ခဲ့ ပါတယ် ။ သူ့ လိုနေထိုင် ဖို့ ၊ သူ့လို စားသောက် ဖို့ ၊ သူ ရှောင်ကြဉ် တာတွေ ကို လိုက်ပြီး ရှောင်ကြဉ် ဖို့ ကြိုးစား လာခဲ့ ပါတယ်”

“ကာယ ကြံ့ခိုင်မှု နဲ့ ပတ်သက် ရင်တော့ ရိုနယ်ဒို ဟာ လေ့လာ ဖို့ အကောင်းဆုံး ဆရာ တစ်ဆူ ပါပဲ ။ သူ ရောက်လာ ချိန်က စပြီး ယူဗင်တပ် အသင်းသား တွေရဲ့ ကိုယ် အလေးချိန် တွေ ကျလာ ခဲ့ ပါတယ် ။ ဒါ ဟာသ မဟုတ် ပါဘူး ။ တကယ်ကို အကျိုး ရှိတဲ့ လက်ဆောင် တစ်ခုပါ” လို့ ဒေါက် ကလပ် ကော်စတာ က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ယူဗင်တပ် အတွက် ဒီရာသီ စီးရီးအေ မှာ ၅ ဂိုး သွင်းယူ ပေးထားခဲ့ သလို ချန်ပီယံ လိဂ် မှာ လည်း ၁ ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။ ယူဗင်တပ် ကတော့ စီးရီးအေ မှာ အင်တာ မီလန် ရဲ့ အထက် ၁ မှတ် အကွာ ကနေ အမှတ်ပေး ဇယား ကို ဦးဆောင် နေသလို ချန်ပီယံ လိဂ် မှာလည်း ၁၆ သင်း အဆင့် ကို တက်ရောက် သွားပြီ ဖြစ် ပါတယ် ။

လာမယ့် တနင်္ဂနွေ နေ့ မှာတော့ ယူဗင်တပ် ဟာ အေစီမီလန် အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ်

SPORTS MYANMAR

Zawgyi

ရိုနယ္ဒို ဟာ ယူဗင္တပ္ အသင္းေဖာ္ေတြ အတြက္ စံျပျဖစ္ခဲ့တဲ့ အရာတစ္ခု ကို ထုတ္ေဖာ္ေျပာျပသြားတဲ့ ေဒါက္ကလပ္ ေကာ္စတာ

========================================

ယူဗင္တပ္ အသင္း ရဲ႕ ေတာင္ပံ ကစား သမား ေဒါက္ကလပ္ ေကာ္စတာ က အီတလီ ခ်န္ပီယံ အသင္းသား ေတြ ဟာ ဒီႏွစ္ အတြင္း မွာ ကာယပုိင္း ဆုိင္ရာ တိုးတက္ မႈ ေတြ ရွိလာ ခဲ့တယ္ လို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ၿပီး ဒါဟာ ခရစၥတီယာႏို ရိုနယ္ဒို ရဲ႕ အက်ဳိး သက္ေရာက္မႈ ျဖစ္တယ္ လို႔ ညႊန္းဆို သြားခဲ့ ပါတယ္ ။ ဒါ့ အျပင္ ေကာ္စတာ က ရိုနယ္ဒို မွာ အဆံုး မရွိတဲ့ ရည္မွန္း ခ်က္ ေတြ ပုိင္ဆုိင္ ထားၿပီး ေအာင္ပြဲ ရွင္ တစ္ဦး ျဖစ္တယ္ လု႔ိလည္း ေျပာဆို သြားခဲ့ ပါတယ္ ။

ေပၚတူဂီ တိုက္စစ္မႈးႀကီး ခရစၥတီယာႏို ရိုနယ္ဒုိ ဟာ ၿပီးခဲ့တဲ့ ရာသီ မစတင္ မီမွာ ယူဗင္တပ္ အသင္း ဆီ ကို ေျပာင္းေရႊ႕ လာခဲ့ တာျဖစ္ၿပီး အသင္း အတြက္ အားထား ရသူ တစ္ဦး ျဖစ္လာ ခဲ့ ပါတယ္ ။ ရိုနယ္ဒို ဟာ အသက္ ၃၄ ႏွစ္ ရွိၿပီ ျဖစ္ေပမယ့္ လူငယ္ တစ္ေယာက္လို ကစား နုိင္ဆဲ ျဖစ္ ပါတယ္ ။

ရုိနယ္ဒို ဟာ သူ႔ရဲ႕ ႀကံ႕ခိုင္မႈ ကို အထူး အေလးေပး သူ တစ္ဦး ျဖစ္ၿပီး အစား အေသာက္ ၊ အေန အထိုင္ ေတြကို အထူး ၾကပ္မတ္ လုပ္ေဆာင္ သူ အျဖစ္ အားကစား သမား ေတြ အၾကားမွာ ထင္ရွား ေက်ာ္ၾကား ခဲ့ ပါတယ္ ။

ဒီ အေလ့ အက်င့္ ေကာင္းေတြ ကို ေရာက္ေလရာ အရပ္မွာ ရိုနယ္ဒို တစ္ေယာက္ ေစာင့္ထိန္း ထားခဲ့ၿပီး ယူဗင္တပ္ ကို ေျပာင္းေရႊ႕ လာခ်ိန္ မွာေတာ့ အသင္းေဖာ္သစ္ ေတြ ရဲ႕ စံ ပုဂၢဳိလ္ တစ္ေယာက္ ျဖစ္လာ ခဲ့ပါ တယ္ ။

“ကြ်န္ေတာ့ အသက္ က ၂၉ ရွိ ပါၿပီ ။ ႀကံ႕ခိုင္မႈ ကို အၿမဲတမ္း ထိန္းသိမ္း ထားႏုိင္ ဖို႔ ကို အျခား အရာေတြ ထက္ ပိုၿပီး အေလး ထားခဲ့ ပါတယ္ ။ ဒီလို ေနရာမ်ဳိး မွာ ခရစၥတီယာႏို ရိုနယ္ဒို က စံျပ ပါပဲ ။ သူ႔ရဲ႕ ကာယပုိင္း ႀကံ႕ခိုင္မႈ ဟာ တကယ့္ ကို အံ့ၾသ ဖို႔ ေကာင္းပါတယ္”

“သူ အသင္း ကို ေရာက္ လာတဲ့ အခါ မွာ သူ႔ရဲ႕ ရုပ္ပုိင္း ဆုိင္ရာ တည္ေဆာက္ပံု ဟာ အသင္းသား ေတြ ကို တြန္းအား ျဖစ္ေစ ခဲ့ ပါတယ္ ။ သူ႔ လိုေနထိုင္ ဖို႔ ၊ သူ႔လို စားေသာက္ ဖုိ႔ ၊ သူ ေရွာင္ၾကဥ္ တာေတြ ကို လုိက္ၿပီး ေရွာင္ၾကဥ္ ဖုိ႔ ႀကဳိးစား လာခဲ့ ပါတယ္”

“ကာယ ႀကံ႕ခုိင္မႈ နဲ႔ ပတ္သက္ ရင္ေတာ့ ရိုနယ္ဒို ဟာ ေလ့လာ ဖို႔ အေကာင္းဆံုး ဆရာ တစ္ဆူ ပါပဲ ။ သူ ေရာက္လာ ခ်ိန္က စၿပီး ယူဗင္တပ္ အသင္းသား ေတြရဲ႕ ကိုယ္ အေလးခ်ိန္ ေတြ က်လာ ခဲ့ ပါတယ္ ။ ဒါ ဟာသ မဟုတ္ ပါဘူး ။ တကယ္ကို အက်ဳိး ရွိတဲ့ လက္ေဆာင္ တစ္ခုပါ” လုိ႔ ေဒါက္ ကလပ္ ေကာ္စတာ က ေျပာဆို သြားခဲ့ ပါတယ္ ။

ရိုနယ္ဒို ဟာ ယူဗင္တပ္ အတြက္ ဒီရာသီ စီးရီးေအ မွာ ၅ ဂိုး သြင္းယူ ေပးထားခဲ့ သလို ခ်န္ပီယံ လိဂ္ မွာ လည္း ၁ ဂုိး သြင္းယူ ေပးထားခဲ့ ပါတယ္ ။ ယူဗင္တပ္ ကေတာ့ စီးရီးေအ မွာ အင္တာ မီလန္ ရဲ႕ အထက္ ၁ မွတ္ အကြာ ကေန အမွတ္ေပး ဇယား ကို ဦးေဆာင္ ေနသလို ခ်န္ပီယံ လိဂ္ မွာလည္း ၁၆ သင္း အဆင့္ ကို တက္ေရာက္ သြားၿပီ ျဖစ္ ပါတယ္ ။

လာမယ့္ တနဂၤေႏြ ေန႔ မွာေတာ့ ယူဗင္တပ္ ဟာ ေအစီမီလန္ အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္

SPORTS MYANMAR