Unicode

* ဥရုဂွေး ကွင်းလယ်လူ တော်ရီးယား ဟာ ဒီရာသီ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ပျောက်ဆုံးနေတဲ့ အပေါ် လာမယ့် အပတ်ထဲမှာ နည်းပြ အူနိုင်း အမ်မရီ နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ DailyMail က ဖော်ပြ လိုက်ပါတယ်။တော်ရီးယား ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း ၂၀၂၃ အထိ ကျန်ရှိနေပါသေးတယ်။

* အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကွင်းလယ်လူ ရှာကာ ကို ရတဲ့စျေးနဲ့ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ ရှာကာ ကို ခေါ်ယူဖို့ အေစီမီလန် အသင်း နဲ့ နယူးကာဆယ် အသင်းတို့က စိတ်ဝင်စား နေကြပါတယ် ။

* စပိန် အခြေစိုက် သတင်းတွေအရ ဘာစီလိုနာ အသင်းဟာ အသက်အရွယ် ကြီးရင့်လာတဲ့ တိုက်စစ်မှူး ဆွာရက်ဇ် နေရာ အစားထိုးဖို့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ် ။ အူဘာမီယန်း ဟာ ဒီရာသီမှာသာ ချန်ပီယံလိဂ် ဝင်ခွင့်မရပါက အာဆင်နယ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းပြေးနေသူလည်း ဖြစ်ပါတယ် ။

* ဗီတိုးရီးယား အသင်း နဲ့ သရေကျခဲ့တဲ့ ပွဲမှာ ဒူးကောက်ကြော ဒဏ်ရာရရှိ သွားခဲ့တဲ့ စပိန် ကွင်းလယ်လူ စီဘယ်လောစ့် ဟာ လက်စတာ အသင်း နဲ့ ပွဲမှာ ပါဝင် ကစားနိုင်မှာ မဟုတ်ကြောင်း အာဆင်နယ် အသင်း ဆေးအဖွဲ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။

* လက်စတာ အသင်း နည်းပြ ဘရန်ဒန် ရော်ဂျာ က အာဆင်နယ် နောက်ခံလူ တီယာနေး ဟာအရည်အသွေးကောင်းတွေ ရှိတဲ့ အပြင် အသင်း အပေါ် ဦးစီး ဦးဆောင် နိုင်စွမ်း ရှိကြောင်းလည်း ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် နောက်ခံလူ ဟင်တီရက်ဂါ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ The Sun က ဖော်ပြ လိုက်ပါတယ် ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဩစတီးယား နောက်ခံလူ ဟင်တီရက်ဂါ ရဲ့ တန်ကြေးဟာ ပေါင် ၂၂ သန်း ဝန်းကျင် ရှိပါတယ် ။

* အာဆင်နယ် အသင်း နောက်ခံလူ ဆိုကရက်တစ် က အသင်း ခေါင်းဆောင် ဘယ်သူဖြစ်ဖြစ် သူ့အတွက် အရေးမကြီးကြောင်း နဲ့ အသင်းသားအားလုံး စည်းစည်းလုံးလုံး ရှိပြီး ကိုယ့်တာဝန် ကိုယ်ကျေအောင် ကစားနိုင်ဖို့က အရေးကြီးတယ်လို့ ခံယူထားကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

*ဂန်းနား တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သူ ချာလီ နီကိုလပ်စ် က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အာဆင်နယ် အသင်းရဲ့ကစားသမား အင်အား ဖြည့်တင်းမှု အပေါ် ဝေဖန်လိုက်ပြီး ဂန်းနား တို့ အနေနဲ့ ခံစစ်ပိုင်း ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အတွက် စမောလင်း နဲ့ ကာဟေးလ်ကို ခေါ်ယူခဲ့သင့်တယ်လို့ ဆိုပါတယ်။

* အာဆင်နယ် အသင်း ဘယ်နောက်ခံလူ တီယာနေး ကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ အမ်မရီ ကို ချီးကျူး စကားဆိုသွားခဲ့ပြီး နည်းပြကြီး အပေါ် အသင်းသားတွေ အားလုံးဟာ ယုံကြည်မှု အပြည့်ရှိကြကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ အောက်တိုဘာလ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုကို ကာရာဘောင်းဖလားပွဲမှာ လီဗာပူး အသင်းဘက်ကို အဝေးကန်ချက် နဲ့ သွင်းယူ ခဲ့တဲ့ ဂျိုးဝီးလောခ့် ရဲ့ သွင်းဂိုးက ရရှိ သွားခဲ့ပါတယ် ။

* အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါး ဟာ ဘိုင်ယန်မြူးနစ် အသင်းကို ကိုင်တွယ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ် ။ အာဆင်ဝင်းဂါး ဟာ က အသင်းကို ကာလရှည် ကိုင်တွယ်လိုပေမယ့် ဘိုင်ယန်မြူးနစ် အသင်းဘက်က ရာသီကုန်အထိသာ တာဝန်ပေးဖို့ ဆန္ဒရှိတာကြောင့် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR