မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နေ့ ညက ယူရိုပါ လိဂ် အုပ်စု ပွဲစဉ် အဖြစ် ပါတီဇန် ဘဲဂရိတ် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၃ ဂိုး ပြတ် အနိုင် ယူကာ ပွဲစဉ် ၂ ပွဲ ကစားဖို့ အလို မှာ တင် ရှုံးထွက် အဆင့် ကို တက်ရောက် သွားခဲ့ ပြီ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ဒီဂီယာ ၊ ဂျိမ်းစ် ၊ လင်ဒီလော့ဖ် တို့ က လွဲရင် လူစုံ ပါ၀င် လာခဲ့ပြီး မေဆင် ဂရင်းဝုဒ် ဟာ ပွဲထွက် ခွင့် ရခဲ့ ပါတယ် ။ ဂရင်းဝုဒ် ဟာ အသင်း အတွက် လိုအပ် နေတဲ့ အဖွင့် ဂိုး ကိုလည်း သွင်းယူပေး သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပါတီဇန် အပေါ် အသာ ရခဲ့ပြီး အခွင့် အရေးများစွာ ဖန်တီး နိုင်ခဲ့ ပေမယ့် အသုံးချ နိုင်မှု အားနည်း နေတာ ကြောင့် ပထမ ပိုင်း အပြီး မှာ ဂရင်းဝုဒ် ၊ မာရှယ် တို့ရဲ့ ဂိုးတွေ နဲ့ သာ အနိုင် ရနေခဲ့ ပါတယ်

ဒုတိယ ပိုင်း မှာတော့ ရက်ဖိုဒ့် က တတိယ မြောက်ဂိုး ကို သွင်းယူပြီး နောက်ထပ် အခွင့် အရေးတွေ ကိုတော့ ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် လည်း အုပ်စု ပထမ နေရာ ကို တက်လှမ်း နိုင်ခဲ့ပြီး ပွဲစဉ် ၄ အပြီး မှာ တင် ရှုံးထွက် အဆင့် ကို တက်ရောက် သွားနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။

မေဆင် ဂရင်းဝုဒ် ဟာ ၂၀၀၄ ခုနှစ် က ၀ိန်းရွန်းနီ နောက်ပိုင်း ဥရောပ ပွဲစဉ် တွေ မှာ ဂိုးလည်းသွင်း ၊ ဖန်တီးမှု လည်း ပြုလုပ် နိုင်တဲ့ ပထမဆုံး သော ၁၈ နှစ် သား ယူနိုက်တက် ကစား သမား ဖြစ်လာ ခဲ့ ပါတယ် ။ ဂရင်းဝုဒ် ဟာ ပွဲရဲ့ အကောင်းဆုံး ကစား သမား ဆု ကို လည်း ရရှိ ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အုပ်စု ပွဲစဉ် ၄ အပြီး အထိ ဂိုးမပေးရ သေးဘဲ ဒီနှစ် ယူရိုပါ လိဂ် မှာ ပေးဂိုး လုံးဝ မရှိသေး တဲ့ တစ်သင်း တည်းသော အသင်း အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး ဟာ ဒုတိယ ပိုင်းမှာ ဒဏ်ရာကြောင့် လူစား လဲခဲ့ ရတာ ကြောင့် ပရိသတ် တွေ စိတ်ပူ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဆိုးရှား ကတော့ တော်မီနေး ရဲ့ ဒဏ်ရာ ဟာ ပြင်းထန်ဖို့ မရှိ ဘဲ တနင်္ဂနွေနေ့ ပွဲ မှာ ပြန်ပါ လာနိုင်ဖို့ မျှော်လင့် ထားပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲပန်း နေ ပုံ ရတဲ့ ခံစစ်မှုး မက်ဂွဲယား ဟာလည်း အိုကေ ပါတယ် လို့ နည်းပြ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

ဆိုးရှား က ပွဲ ရလဒ် နဲ့ ခြေစွမ်း အပေါ် အားရ မိကြောင်း နဲ့ တိုက်စစ် အတွဲ အဖက်တွေ ပိုမို ကောင်းမွန် လာဖို့ မျှော်လင့် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် လင်ဒီလော့ဖ် ဒဏ်ရာ ရရှိနေ ချိန် မှာ ရိုဟို နဲ့ မက်ဂွဲယား တို့ အတွဲ ကို အားရ မိခဲ့ကြောင်း လည်း ဆိုသွား ခဲ့ ပါတယ် ။

ယူနိုက်တက် နောက်ခံလူ မက်ဂွဲယား နဲ့ တိုက်စစ်မှုး ရက်ဖိုဒ့် တို့ ကတော့ မွန်တီ နီဂရိုး ၊ ကိုဆိုဗို တို့ နဲ့ ကစား မယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ဆင့်ခေါ် ခြင်း ကို ခံခဲ့ရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေ နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၂ ) အဖြစ် ဘရိုက်တန် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစားသွား ရမှာပဲ ဖြစ် ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်းသားတို့ရဲ့ Rating များ –

ရိုမဲရိုး 6
၀မ်ဘစ်ဆာကာ 6 ။ မက်ဂွဲယား 6 ။ ရိုဟို 7 ။ ယန်း 7
တော်မီနေး 6 ။ ဖရက် 6 ။ မာတာ 7
ဂရင်းဝုဒ် 8 ။ ရက်ဖိုဒ့် 8 ။ မာရှယ် 8
လူစားဝင် ကစား သမားများ – ဂျိမ်း ဂါနာ 6 ။ ပါရဲရား 4 ။ လင်ဂတ် 5 တို့ ဖြစ်ကြ ပါတယ် ။

SPORTS MYANMAR