မန်ချက်စတာ စီးတီး အသင်း ဂိုး သမား အီဒါဆင် ဟာ လီဗာပူး နဲ့ ကစားမယ့် ပွဲ ကို လွဲချော် မယ် လို့ နည်းပြ ဂွာဒီယိုလာ က အတည်ပြု ပေးလိုက် ပြီ ဖြစ် ပါတယ် ။ လီဗာပူး ဘက် မှာတော့ ခံစစ်မှုး ဗာဂျယ် ဗန်ဒိုက် ဟာ စီးတီး နဲ့ ပွဲ အတွက် အဆင်သင့် ဖြစ်နေ မယ်လို့ သိရ ပါတယ် ။ ဗန်ဒိုက် ဟာ ယနေ့ ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို လွဲချော် ခဲ့ ပေမယ့် နယ်သာလန် ဘုရင် ရဲ့ နန်းတက်ပွဲ ကို တက်ရောက်ဖို့ သာ ဖြစ်တယ် လို့ သိရ ပါတယ် ။

မေဂျာလိဂ် ကနေ ထွက်ခွာ လာမယ့် တိုက်စစ် မှုးကြီး ဇလာတန် ဟာ အသင်း ဟောင်း အေစီမီလန် ဆီ ကို ပြန်လည် ရောက်ရှိ ဖို့ အတွက် အလွန် ရေပန်း စားနေခဲ့ပြီ လို့ သိရ ပါတယ် ။

ပရီးမီး ယားလိဂ် ရဲ့ အောက်တိုဘာ လ အတွက် အကောင်းဆုံး ကစား သမား ဆု ကိုတော့ ၃ ပွဲ မှာ ၄ ဂိုး သွင်းယူ ခဲ့တဲ့ လက်စတာ တိုက်စစ်မှုး ဂျေမီ ဗာဒီ က ရရှိ သွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်း နောက် ခံလူ အန်တိုနီယို ရူဒီဂါ ဟာ ဒဏ်ရာ ကြောင့် နောက်ထပ် ၃ ပတ် လောက် ဆက်လက် အနားယူ ရ ဦးမယ် လို့ ကြားသိရ ပါတယ် ။

ဘာကာ တိုက်စစ်မှုး ဆွာရက် ရဲ့ ဥရုဂွေး လက်ရွေးစင် အသင်းဖော် နီကိုလပ်စ် လိုဒီရို ကတော့ ဆွာရက် ဟာ မေဂျာလိဂ် ကို သွားရောက် ကစား လိမ့်မယ် လို့ ကြိုတင် ဟောကိန်း ထုတ်သွား ခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ အာဆင်နယ် တိုက်စစ်မှုး အော်ဘားမီးယန်း ကို လာမယ့် နှစ်မှာ ခေါ်ယူ ဖို့ စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ဟာ ဘရိုက်တန် နဲ့ ကစားမယ့် ပွဲ အတွက် ဒဏ်ရာ ကနေ ပြန်လည် သက်သာ ကောင်းမွန် လာခဲ့ပြီ လို့ သိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ ဒါနီ ဆီဘယ်လော့ ကတော့ လက်စတာ စီးတီး နဲ့ ကစားမယ့် ပွဲ ကို ဒဏ်ရာ ကြောင့် လွဲချော် မယ်လို့ ကြားသိ ရ ပါတယ် ။

အာဆင်နယ် အမျိုး သမီး အသင်း ကတော့ အမျိုးသမီး ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် မှာ PSG အမျိုး သမီး အသင်းနဲ့ ရင်ဆိုင် ကစားရ မယ်လို့ သိရ ပါတယ် ။

ဆီဗီးလား အသင်း ဟာ အေစီ မီလန် ကွင်းလယ်လူ ကာလာဘရီယာ ကို ဇန်နဝါရီ မှာ ယူရို ၁၈ သန်း ၀န်းကျင် နဲ့ ခေါ်ယူဖို့ စိတ်ကူး နေတယ် လို့ ကြားသိ ရ ပါတယ် ။

ယခု အပတ် ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် ( ၄ ) ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို တော့ ဟက်ထရစ် ရှင်လေး ရိုဒရီဂို က ရရှိ သွားခဲ့ တယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR