ကီလီယန် အမ်ဘက်ပေဟာ လီဗာပူး ကို ရောက်လာစရာ အကြောင်း မရှိသေးဘူးလို့ ယာဂန်ကလော့ က ပြင်သစ် စတား ကို ခေါ်ယူဖို့ ကြိုးပမ်း သွားတော့မယ် ဆိုတဲ့ သတင်းတွေ အပေါ် ပယ်ချ သွားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ကြားရက်က ထွက်ပေါ် နေတဲ့ သတင်းများ အရ ကတော့ လီဗာပူး အသင်းဟာ ရီးရဲယ်မက်ဒရစ် အသင်း ကို အနာဂတ် မှာ ပြောင်းရွေ့ဖို့ သတင်းကြီး နေတဲ့ ပဲရစ်စိန့်ဂျာမိန်း စတားကို ဘာနေဗျူး ကလပ်နဲ့ အပြိုင် ပေါင် ၂၁၅ သန်းထိ သုံးစွဲကာ လက်ဦးမှု ရယူဖို့ အသင့် ပြင်ထားတယ် ဆိုပြီး သတင်း ထွက်ခဲ့တာပါ။

ကလော့ဟာ အသက် ၂၀ အရွယ် ကစားသမား ကို နှစ်သက် သဘောကျတဲ့သူ ဖြစ်ပေမယ့်လည်း လီဗာပူးဟာ အမ်ဘက်ပေ ကို ခေါ်ဖို့ မတက်နိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

ယာဂန်ကလော့ က “အားကစား အမြင် နဲ့ ကြည့်မယ် ဆိုရင်တော့ အမ်ဘက်ပေ ကို မခေါ်ယူ ချင်စရာ အကြောင်းကို မရှိပါဘူး။ ဘယ်လောက် တော်လိုက်တဲ့ ကစားသမားလဲဗျာ။ ဒါပေမယ့် ဒါဟာ ငွေကြေး နဲ့ အမှန်တကယ် သက်ဆိုင် နေပါတယ်။ လုံးဝ အခွင့်အရေး မရှိပါဘူး။ လုံးဝကို အခွင့်အရေး မရှိတာပါ။ ခင်ဗျားတို့ရဲ့ အပြောင်းအရွေ့ ပုံပြင်တွေကို အဆုံးသတ် စေခဲ့တဲ့ အတွက် ဆောရီးပါ။

ကျွန်တော် ကတော့ အမ်ဘက်ပေ ကို ပီအက်ဂျီ ဆီကနေ ခေါ်ယူ နိုင်တဲ့ ကလပ် မရှိဘူးလို့ ထင်ပါတယ်။ ကျွန်တေ်ာတို့ ကလည်း ဒီအသင်း တွေထဲမှာ ပါ၀င်ပါတယ်။ ကျွန်တော်တို့ ဒါကို မလုပ်နိုင် ပါဘူး။ ဒါကို လွယ်လွယ်ကူကူ ပြောလို့ ရပါတယ်။ ရိုးရိုးသားသား ပြောရရင် သူနဲ့ ထွက်ပေါ် နေတဲ့ သတင်းတွေ အပေါ် ဒီထက် ပိုပြောစရာ မရှိတော့ ပါဘူး။ ဒါပေမယ့် ဒီလို ကစားသမားမျိုး ကို ၀ယ်ဖို့ဟာ ခက်ခဲ ပါတယ်။” လို့ တုန့်ပြန် ခဲ့ပါတယ်။

ပီအက်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒို ကလည်း အမ်ဘက်ပေ နဲ့ ရီးရဲယ် တို့ရဲ့ အပြောင်းအရွေ့ သတင်းတွေ ဆက်လက် ထွက်ပေါ် နေတဲ့ အပေါ် စိတ်ပျက် လက်ပျက် ဖြစ်နေပြီး အသက် ၂၀ အရွယ် ကစားသမား အနေနဲ့ သူ့ရဲ့ အလားအလာ ကောင်းကို ဖြည့်ဆည်း ရန်သာ အာရုံစိုက် သင့်ပြီး အပြောင်းအရွေ့ ပုံပြင်တွေ ကြားမှာ မနစ်မျော စေချင်ဘူးလို့ ပြောလိုက် ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရီးရဲယ်မက်ဒရစ် နည်းပြ ဇနက်ဒင်းဇိဒန်းက အမ်ဘက်ပေရဲ့ အိမ်မက်ဟာ ဘာနေဗျူး မှာ ကစားဖို့ ဖြစ်တယ် ဆိုပြီး ထုတ်ဖော် လိုက်ကာ ဂယက်ထ စေခဲ့ ပါတယ်။

ဒီမှတ်ချက်နဲ့ ပက်သက်ပြီး လီယိုနာဒိုက “အမှန်ပါပဲ။ ဒီသတင်းဟာ ကျွန်တော့်ကို အနည်းငယ် စိတ်ညစ်ညူးစေ ပါတယ်။ ဒါဟာ ဒီကိစ္စနဲ့ ပက်သက်ပြီး ပြောရမယ့် အချိန် မဟုတ်ပါဘူး။ သူဟာ အသင်း နဲ့ စာချုပ် သက်တမ်း ၂ နှစ်ခွဲ ကျန်နေ ပါသေးတယ်။ ဒီအပြောင်းအရွေ့ သတင်းတွေ ရပ်တန့် ပစ်ဖို့ ကောင်းနေ ပါပြီ။

သူဟာ အသင်း အတွက် အရမ်းကို အရေးပါတဲ့ သူပါ။ သူဟာ ပြင်သစ် တို့ ပိုင်ဆိုင် ထားတဲ့ အကောင်းဆုံး လူငယ် ကစားသမားပါ။ သူဟာ ကမ္ဘာ့ ချန်ပီယံ ဖြစ်တဲ့ အပြင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါဟာ သူ့ကို မတည်မငြိမ် ဖြစ်အောင် လုပ်သွား ရမယ့် အချိန် မဟုတ်ပါဘူး။’ လို့ ပြောခဲ့ ပါတယ်။

ဇိဒန်းကတော့ အမ်ဘက်ပေကို မတည်မငြိမ် ဖြစ်အောင် လုပ်နေတယ် ဆိုတဲ့ လီယိုနာဒိုရဲ့ မှတ်ချက်ကို ပြန်လည် တုန့်ပြန် ခဲ့ပါတယ။်

ရီးရဲယ် နည်းပြ က ‘ကျွန်တော် ဘာမှ မပြောခဲ့ ပါဘူး။ ကျွန်တော် ဘက်က ကစားသမား ပြောခဲ့တာကိုပဲ ပြန်ပြောပြ ခဲ့တာပါ။ သူ့ရဲ့ အိမ်မက်ဟာ ဒီမှာ ကစားဖို့ ဆိုတာ ကိုပေါ့။ အဲဒီနောက် အားလုံး ဟာ သူတို့ အလိုရှိတာကို ဆွဲတွေး ကြတာပါပဲ။” လို့ ပြန်လည် ရှင်းလင်း ခဲ့ပါတယ်။

SM