မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ဒီ ရာသီ လက်ကျန် အတွင်း ယူနိုက်တက် တို့ ရှေ့ဆက် အသုံးပြု သင့်တဲ့ အကောင်းဆုံး XI အသင်း အကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ရလဒ် ကောင်းတွေ ပိုင်ဆိုင် ရဖို့ ဆက်တိုက် ရုန်းကန် ခဲ့ရ ပြီး ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာတော့ ပွဲစဉ် 11 ပြီးဆုံး ခဲ့တဲ့ အချိန် အဆင့် 10 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ယူနိုက်တက် တို့ဟာ ပွဲစဉ် 4 ပွဲ ပြီးဆုံး ခဲ့တဲ့ အချိန် ရှုံးပွဲ မရှိ ရလဒ် ၊ Clean Sheet ရာနှုန်းပြည့် နဲ့ အတူ နောက် တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ ပါပြီ ။ ဒါပေမယ့် စိတ်ပျက် စရာ အဖြစ် လေးပွဲ မှာ ငါးဂိုး မျှသာ ရယူ ထားနိုင် ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ ဘရိုက်တန် အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 12 ကို ကစား ရပါ တော့မယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီ ဒဏ်ရာ ပြသနာ တွေ များစွာ ကြံုတွေ့ နေခဲ့ ရတဲ့ ယူနိုက်တက် အသင်း အတွက် အကောင်းဆုံး XI ယောက် အသင်း က ဘာဖြစ် မလဲ ဆိုတဲ့ သုံးသပ်ချက် တွေ များစွာ ထွက်ပေါ် နေခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က အသင်း ဟောင်း အတွက် ဗဟို ခံစစ် ကစားသမား သုံးယောက် သာ ရှိတဲ့ အသင်း ကို ရွေးချယ် ပြီး ရာသီ လက်ကျန် ပွဲစဉ် တွေကို ရှေ့ဆက် သင့်ကြောင်း အကြံပြု သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ရွေးချယ်မှု ကိုတော့ ပါတီဇန် ဘဲလ်ဂရိတ် နဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် အတွင်း ယူနိုက်တက် ရဲ့ ကွင်းလယ် ဂန္ဓဝင် ဖြစ်တဲ့ ပေါလ် စခိုးလ် နဲ့ BT Sport ရဲ့ သတင်း သုံးသပ်ရေး အစီအစဉ် မှာ ဟားဂရေ့ဗ် က ထုတ်ဖော် ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် တွမ်ဇီဘီ ကို နှစ်သက် ပါတယ် ။ သူဟာ ကစား သမား ကောင်း တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ နောက်ခံ အစွန်လူ တွေ ဖြစ်ကြ တဲ့ ဝမ် ဘစ်ဆာကာ နဲ့ လုခ်ရှော တို့ ဟာလည်း သူတို့ ရဲ့ နေရာ တွေ အတွက် ကောင်းမွန် တဲ့ ကစားသမား တွေ ဖြစ်ကြ ပါတယ် ”

” ပေါလ် ( ပေါ့ဂ်ဘာ ) နဲ့ စကော့ ( မက် တော်မီနေး ) တို့ဟာ အသင်း ရဲ့ ကွင်းလယ် ခံစစ် နေရာ အတွက် ကောင်းမွန် လှတဲ့ ကစားသမား တွေ ဖြစ်ကြ ပါတယ် ။ နောက်ခံ အစွန် လူတွေ ဖြစ် ကြတဲ့ ရှော နဲ့ ဘစ်ဆာကာ တို့ကို တောင်ပံ တိုက်စစ် နေရာ မှာ ထားပြီး ကစား ကြမယ် ဆိုရင် ရပ်ရှ်ဖို့ နဲ့ ဂရင်းဝုဒ် တို့က တိုက်စစ် ပိုင်းကို ပိုမို ဝင်ရောက် ကစား နိုင်ကြ ပါ လိမ့်မယ် ”

” အဲ့လို သာ ကစား ကြမယ် ဆိုရင် အသင်း ဟာ ဟန်ချက် ကောင်းတဲ့ ပုံစံ တစ်ခု ကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ပြီး ဂိုးတွေ လည်း များစွာ သွင်းယူ နိုင်ကြ လိမ့်မယ် လို့ ကျွန်တော် တွေးမိ ပါတယ် ” လို့ ဟားဂရေ့ဗ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အိုဝင် ဟားဂရေ့ဗ် ရွေးချယ် ပေးတဲ့ ယူနိုက်တက် ရဲ့ XI ယောက် အသင်း ကတော့ …

ဂိုး : ဒီဂီယာ
ဗဟို ခံစစ် : လင်ဒီလော့ဖ် ၊ မက်ဂွားယား ၊ တွမ်ဇီဘီ
ကွင်းလယ် : တော်မီနေး ၊ ပေါ့ဂ်ဘာ ၊ ဝမ် ဘစ်ဆာကာ ၊ လုခ် ရှော
တိုက်စစ် : ရပ်ရှ်ဖို့ ၊ ဂရင်းဝုဒ် ၊ မာရှယ်

#Sports_Myanmar