လူကာကူ ၊ အလက်ဆစ် ဆန်းချက် တို့ကို ရောင်းထုတ် ခဲ့တဲ့ ယူနိုက်တက် ဟာ တိုက်စစ် ပိုင်း အားနည်း ခဲ့တာ ကို အားလုံး သိသာ မြင်သာ စေခဲ့ ပါတယ် ။ အသင်း က ဂိုးတွေ သွင်းနိုင်မှု ဟာ လည်း တဖြည်းဖြည်း ကျဆင်း လာခဲ့ တာကြောင့် ဇန်နဝါရီ မှာ ထပ်မံ အင်အား ဖြည့်တင်း ဖို့ မဖြစ် မနေ လိုအပ် နေကြပြီ လို့ အားလုံး က ထောက်ပြ လာခဲ့ သလို ဆိုးရှား ကိုယ်တိုင် ကလည်း အစီ အစဉ်တွေ ချမှတ် နေပြီလို့ ကြားသိရ ပါတယ် ။

ဒီလို အချိန် မှာ အသင်းရဲ့ တိုက်စစ် အားနည်း နေမှု ကို သိသာ မြင်သာ စေတဲ့ နောက်ထပ် အချက် တစ်ခု ပေါ်ထွက် လာခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ ဂိုးသွင်းသူ အရေ အတွက် ပါပဲ ။ မန်ချက် စတာ ယူနိုက်တက် ဟာ ပွဲစဉ် ၁၁ ပြီးတဲ့ အထိ ပရီးမီးယားလိဂ် မှာ ဂိုးသွင်းသူ အရေ အတွက် အနည်းဆုံး အသင်းတွေ ထဲ ကို ပါ၀င် လို့ နေခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဥရောပ ပြိုင်ပွဲ ဖြစ်တဲ့ ယူရိုပါ လိဂ် မှာ အုပ်စု ပွဲစဉ် ၄ ပွဲ ကစား ထားခဲ့ပြီး ၅ ဂိုး ရရှိ ထား ကာ ကစား သမား ၃ ဦး ( မာရှယ် ၊ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် ) က ဂိုးသွင်းယူ ထားခဲ့ ပါတယ် ။ ဒါပေမယ့် ပရီးမီး ယားလိဂ် မှာ တော့ ၁၃ ဂိုး ရရှိ ထားချိန် မှာ ကစား သမား ၄ ဦး ကသာ ဂိုးသွင်းယူ ထားနိုင် ခဲ့ ပါတယ် ။

ထိပ်တန်း အသင်း တစ်သင်း မှာ ဂိုးသွင်း ကောင်းတဲ့ ကစား သမား ရှိဖို့ လိုအပ် သလို ဂိုးသွင်း တတ်တဲ့ ကစား သမား များပြား ဖို့ လည်း လိုအပ် ပါတယ် ။ အောင်မြင်မှု ရတဲ့ အသင်းတိုင်း မှာ ဂိုးသွင်းသူ ဟာ ၄-၅ ဦး မက ရှိ ခဲ့ ပါတယ် ။ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ထိပ်ဆုံး က လီဗာပူး မှာ ဆိုရင် ပွဲစဉ် ၁၁ အပြီး အထိ ဂိုးသွင်းထားသူ ဟာ ၁၂ ဦး အထိ တောင် ရှိနေခဲ့တာ ကို တွေ့မြင် ခဲ့ရ ပါတယ် ။

လီဗာပူး နောက် မှာတော့ မန်ချက်စတာ စီးတီး အသင်း က ဂိုးသွင်းသူ ၁၁ ဦး နဲ့ ကပ်လျက် တည်ရှိနေ ခဲ့ ပါတယ် ။ ချဲလ်ဆီး ၊ လက်စတာ စီးတီး တို့ မှာလည်း ဂိုးသွင်းသူ ၉ ဦး စီ ရှိနေကြပြီး ဒါဟာ သူတို့ အသင်းတွေ ဘာကြောင့် ဂိုးတွေ ရနေ ကြသလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေလည်း ဖြစ်ခဲ့ ပါတယ် ။

အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၆ မှာ ရှိနေတဲ့ အက်စတွန် ဗီလာ လို အသင်းတောင်မှ ဂိုးသွင်းသူ ၈ ဦး အထိ ရှိနေ ခဲ့တာကို ကြည့်ခြင်း အားဖြင့် ဗီလာ ဟာ ဂိုးရဖို့ လူနည်းစု ကို မီခို နေရတာ မဟုတ်ကြောင်း သိသာ စေခဲ့ ပါတယ် ။ ယူနိုက်တက် ကတော့ ဂျိမ်းစ် ၊ ရက်ဖိုဒ့် ၊ မာရှယ် တို့ ကို သာ အဓိက မီခို နေရပြီး ဒီကစား သမားတွေ ခြေစွမ်းမပြနိုင်ချိန် မှာ သွင်းဂိုးတွေ ပျောက်ကွယ် သွားခဲ့ရ ပါတယ် ။

ယူနိုက်တက် ကတော့ ရက်ဖိုဒ့် ၊ မာရှယ် ၊ ဂျိမ်းစ် နဲ့ တော်မီနေး တို့ ၄ ဦး က သွင်းဂိုး ၁၁ ဂိုး သွင်းယူ ပေးထား ခဲ့ပြီး အရေ အတွက် အရ အောက်ဆုံး အဆင့် အသင်းတွေ ထဲ မှာ ပါ၀င် လို့ နေခဲ့ ပါတယ် ။ ယူနိုက်တက် လို ကစား သမား ၄ ဦး သာ ဂိုးသွင်း ထားတဲ့ အသင်းက ပဲလေ့စ် တစ်သင်း တည်းသာ ရှိပြီး ကျန် အသင်းအားလုံး ဂိုးသွင်းသူ ၅ ဦး အနည်းဆုံး ရှိနေခဲ့ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် အနေနဲ့ ဇန်နဝါရီ မှာ တိုက်စစ်မှုး ( သို့ ) ဂိုးသွင်း အားကောင်းတဲ့ ကစား သမားတွေ ကို မဖြစ် မနေ ခေါ်ယူ ရတော့မှာ ဖြစ်တယ် ဆိုတာ ထပ်မံ သိသာ ပေါ်လွင်စေ ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ အဆင့် ၁၀ မှာ ရှိနေပြီး ဥရောပ ၀င်ခွင့် ကို ပြန်လည် မျှော်လင့် နိုင်ဖို့ အတွက် ရလဒ် ကောင်းတွေ ကို မဖြစ်နေ လိုအပ် နေပြီ ဖြစ်ပါတယ် ။ မနက်ဖြန် မှာတော့ ယူနိုက်တက် ဟာ ဘရိုက်တန် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR