ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် အင်ဂျင် ဖြစ်တဲ့ အန်ဂိုလို ကန်တေ ဟာ ဒဏ်ရာ က ပြန်ကောင်း လာပြီးနောက် ယနေ့ည ခရစ်စတယ် ပဲလေ့စ် အသင်း နဲ့ ပရီးမီးယားလိဂ် မှာ ပွဲထွက် ပြန်ပါဝင် လာဖို့ ရှိနေပါတယ် ။ ကန်တေ ဟာ ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ ချယ်လ်ဆီး အသင်း အတွက် ပွဲစဉ် တချို့ ကစား ပေးခဲ့ပေမယ့် ကြံ့ခိုင်မှု မပြည့်ဝပဲ ကစား ခဲ့တာကြောင့် အခုလို မကြာခဏ ဒဏ်ရာ ပြဿနာ တွေနဲ့ ရင်ဆိုင် နေခဲ့ရတာ ဖြစ်ပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က စပြီး ၄င်း အားမသန် တဲ့ တိုက်စစ် ကို ပိုမို လိုက်ပါ ရတဲ့ ကွင်းလယ် နေရာ ကနေ ပါဝင် ကစား ပေးခဲ့ရကာ ၊ အခု အခါ မှာလည်း မန်နေဂျာ သစ် ဖရန့် လမ်းပတ် လက်အောက် မှာ ကွင်းလယ် တိုက်စစ် ရော ၊ ခံစစ် ရော ၊ ၂ခုလုံး မှာ ကူညီ ကစား ပေးရတဲ့ ကွင်းလယ်လူ တဦး အနေနဲ့ ရပ်တည် နေရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ကန်တေ ဟာ ကွင်းလယ် ခံစစ် နေရာ မှာ အမြင့်မားဆုံး စွမ်းဆောင်ရည် ပြသ နိုင်တာ မှှန်ပေမယ့် တိုက်စစ်ပိုင်း ကိုလည်း လိုက်ပါ ကစား နိုင်တဲ့ ပါရမီထူး ရှိကြောင်း နဲ့ ယနေ့ည ပဲလေ့စ် နဲ့ ပွဲမှာလည်း ကိုဗာဆစ် နဲ့ အတူ တွဲကစား နိုင်မယ် လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” လူ အများ ကတော အန်ဂိုလို ဟာ ကွင်းလယ် အဖျက် နေရာ မှာဆို ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ တဦး အနေနဲ့ ခြေစွမ်း ပြနိုင်တယ် လို့ ပြောကြပါတယ် ။ ကျွန်တော့ အမြင် မှာတော့ ဒါက အန်ဂိုလို ရဲ့ စွမ်းရည် အကုန် မဟုတ်သေးပါဘူး ။ အခုလို ကျွန်တော် ပြောနေတာ သူ့ကို ဝေဖန်နေတာ မျိုး မဟုတ်ပါဘူး ။ ဒါဟာ ဝေဖန်တာ နဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ် ။ ”

” ပွဲတပွဲ မှာ အန်ဂိုလို ရဲ့ Role ဟာ ကွင်းလယ် ခံစစ် ထက် ပိုပါတယ် ။ လက်စတာ မှာ ကတည်းက သူ့ကို ကွင်းလယ် ခံစစ် ပဲ ကစား နိုင်မယ် လို့ ကျွန်တော် တကယ် ပဲ မသတ်မှတ် ်ခဲ့တာပါ ။ လက်စတာ အသင်း ဟာ တခြား အသင်း တွေနဲ့ မတူညီတဲ့ ကစားပုံ ကို ပိုင်ဆိုင် ထားတာပါ ။ အဲ့ဒီ ကစားပုံ က အန်ဂိုလို နဲ့ လိုက်ဖက်မှု နဲ့ ရှိခဲ့ပါတယ် ။ သူ့မှာ ခွန်အား တွေ ရှိတယ် ၊ တကွင်းလုံး ကို လိုက်ပတ် ကစား နိုင်စွမ်း ရှိပါတယ် ။ ”

” ကျွန်တော့ အမြင် မှာတော့ ကွင်းလယ် အဖျက် ကစားသမား တယောက် ဟာ ၄ယောက်တန်း နောက်တန်း ၊ ဒါမှမဟုတ် ၃ယောက်တန်း နောက်တန်း ရဲ့ ရှေ့က ကစား ရတဲ့ ကွင်းလယ်လူ လို့ ထင်ပါတယ် ။ ကျွန်တော် ကတော့ အန်ဂိုလို ဟာ အဲ့ဒါ ထက် ပိုပြီး ကစား ပေးနိုင်တယ် လို့ ယူဆ ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၄ခု အတွင်း သူ ကစားခဲ့တဲ့ အသင်း တွေမှာ ဒါထက် ပိုတဲ့ စွမ်းဆောင်ရည် တွေ ပြသ နိုင်ခဲ့တာကို တွေ့ခဲ့ ရပါတယ် ။ ”

” အခုထက် လည်း အန်ဂိုလို စွမ်းဆောင် ကစားပြ နိုင်ပါသေးတယ် ။ ဒါတွေဟာ ကျွန်တော် တို့ သူ ကြံ့ခိုင်မှု ပုံစံကောင်း တွေ ထပ်ရလာတဲ့ အခါ မျှော်လင့် ထားတဲ့ အရာတွေ ဖြစ်ပါတယ် ။ ဂျော်ဂျင်ဟို ကစားတဲ့ ပုံစံမျိုး အန်ဂိုလို ကစား နိုင်မလား ? ဒါကတော့ ကျွန်တော် တို့ ကစားကွက် ဆင်တဲ့ အနေအထား အပေါ်ပဲ မူတည်ပါတယ် ။ ဂျော်ဂျင်ဟို နဲ့ အန်ဂိုလို တို့ဟာ မတူညီတဲ့ အရည်အသွေး ကိုယ်စီ ပိုင်ဆိုင် ထားကြတာပါ ။ ”

” ဒါကို လူတိုင်း ရှင်းရှင်းလင်းလင်း သိကြမယ် လို့ ထင်ပါတယ် ။ ကျွန်တော် တို့ဟာ သူတို့ ၂ယောက်လုံး အတွက် အဆင်ပြေမယ့် ကစားဟန် မှာပဲ အစီအစဉ် တကျ နေရာ ပေးသွားမှာပါ ။ သူတို့ ၂ယောက် အပြင် ကျွန်တော် တို့မှာ တခြား ကွင်းလယ်လူ တွေလည်း ရှိပါသေးတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ဟာ တဦးချင်းစီ ထက် အုပ်စုလိုက် အချိတ်အဆက် မိမိ ကစားနိုင်မယ့် ကစားပုံ ကို ဦးစားပေး ရွေးချယ် ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR