မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် ပါကား က လက်ရှိ အသင်း ရဲ့ စုဖွဲ့မှု အနေ အထား နဲ့ ဆိုရင် အမှတ်ပေး ဖလား ပြိုင်ပွဲ မှ တစ်ဆင့် ချန်ပီယံ လိဂ် ပြိုင်ပွဲ ဆီကို ဝင်ရောက် နိုင်ဖို့ လွယ်ကူ နိုင်မှာ မဟုတ် တဲ့ အကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်း အနေ နဲ့ 2020 – 21 ဘောလုံး ရာသီ အတွင်း ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဝင်ရောက် ကစား လိုတယ် ဆိုရင် နောက်ဖက် တံခါး ပေါက်က တစ်ဆင့် ဝင်ရောက် နိုင်အောင် ကြိုးစား ရမှာ ဖြစ်ကြောင်း ပေါလ် ပါကား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချျိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယူရုုိ ပါလိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 4 ပွဲ ကစား ပြီးတဲ့ အချိန် ရမှတ် 10 မှတ် ၊ ပေးဂိုး မရှိ သေးတဲ့ မှတ်တမ်း နဲ့ အတူ အုပ်စု ပွဲစဉ် တွေ ပြီးဆုံး ဖို့ 2 ပွဲ အလို မှာ နောက် တစ်ဆင့် တက်ရောက် သွားဖို့ သေချာ ခဲ့ ပါပြီ ။

ဒါ့ကြောင့် ပေါလ် ပါကား က အမှတ်ပေး ဖလား ပြိုင်ပွဲ မှ တစ်ဆင့် နောက် ရာသီ အတွက် ချန်ပီယံ လိဂ် ဝင်ခွင့် ရယူ နိုင်ရေး ထက် ယူနိုက်တက် အနေနဲ့ ယူရို ပါလိဂ် ဖလား ကို ဆွတ်ခူးပြီး ဒီ လမ်းကြောင်း အပေါ် လျှောက်လှမ်း ခြင်းက ပိုပြီး အဆင်ပြေ နိုင်မယ့် တစ်ခု တည်းသော နည်းလမ်း ဖြစ်တယ် လို့ ဆိုသွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်တော့ ဒီနှစ်မှာ ယူရို ပါလိဂ် ဖလား ကို ရယူ ဆွတ်ခူး ခြင်းက နောက် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက် နိုင်ရေး အတွက် တစ်ခု တည်းသော နည်းလမ်း ကောင်း ဖြစ် ပါတယ် ”

” တစ်ကယ်တမ်း လိုအပ် နေ ခဲ့တဲ့ အချိန် မှာ သူတို့ တွေဟာ လုံလောက် တဲ့ နိုင်ပွဲ တွေကို မရယူ နိုင်ခဲ့ ခြင်းက ပရီးမီးယား လိဂ် မှာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် လွယ်ကူ စေမှာ မဟုတ် တော့ ပါဘူး ”

” ဒါ့ကြောင့် အမှန် တရား တစ်ခု ကို ပြောကြား ရမယ် ဆိုရင် သူတို့ တွေ အတွက် နောက် ရာသီ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ဝင်ရောက် နိုင်ဖို့ ဆိုရင် နောက်ပေါက် ကနေ ဝင်နိုင် ဖို့ ကြိုးစား ခြင်းက တစ်ခု တည်းသော ဖြစ်နိုင် ခြေ ရှိတဲ့ နည်းလမ်း ကောင်း ပါပဲ ”

” ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ရိန်းဂျား နဲ့ ဆဲလ်တစ် အသင်း တွေကို ကြည့်ရှု ခြင်း အားဖြင့် အဲ့တာ ကလည်း လွယ်ကူ နေမှာ မဟုတ် ပါဘူး ။ လူတိုင်း က ယူနိုက်တက် အသင်း ဟာ အဲ့တာ တွေကို အနိုင်ယူ ကျော်ဖြတ် ကြဖို့ အကြောင်း ပြောဆို နေခဲ့ကြ ပါတယ် ”

” အဲ့ဒီ အတိုင်း ပါပဲ ။ ဆဲလ်တစ် နဲ့ ရိန်းဂျား အသင်း အကြောင်း ကိုလည်း လူတွေ က ပြောဆို နေကြ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူတို့ ဟာလည်း ဒီ ရာသီ မှာ တစ်ကယ့် အသင်း ကောင်း တွေ အဖြစ် ရှိနေ ခဲ့ကြ တယ်လေ ”

” ဒါ့အပြင် ဒီ ပြိုင်ပွဲ အတွင်း အာဆင်နယ် အသင်း ရှိနေ သေး သလို တောက်လျှောက် ဖလား ရယူ နိုင် ခဲ့တဲ့ ဆီဗီးလား အသင်း လည်း ရှိနေ ပါ သေးတယ် ။ ဒါ့ကြောင့် ဒီ ဖလား ကို ရယူ နိုင်ရေး လမ်းကြောင်း က တစ်ကယ် ပဲ မလွယ်ကူ လှ ပါဘူး ”

” ဒါပေမယ့် လက်ရှိ ယူနိုက်တက် ရဲ့ အနေအထား ကို ကြည့်ရှု လိုက်မယ် ဆိုရင် လည်း ဒါဟာ ဖလား ကို ဆွတ်ခူး နိုင်ရေး အတွက် တစ်ခု တည်းသော ဖြစ်နိုင်ခြေ ရှိတဲ့ လမ်းကြောင်း အမှန် ပဲလေ ” လို့ ပေါလ် ပါကား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar