မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို နောက် တစ်ကြိမ် ဆွတ်ခူး လိုက်တဲ့ စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ စကော့ မက် တော်မီနေး ကတော့ သူဟာ အသင်း လိုက် ဆု ဖလား ရယူ ဆွတ်ခူး နိုင်ဖို့ မျက်စိ ကျနေ ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ပြိုင်ပွဲစုံ မှာ နိုင်ပွဲ တွေ ဆက်တိုက် ရရှိ နိုင်ဖို့ ၊ ပြတ်သား တဲ့ အနိုင် ရလဒ် တွေကို ရယူ နိုင်ဖို့ ရုန်းကန် နေခဲ့ ရ ပေမယ့် တော်မီနေး ကတော့ အသင်း က ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင်ရေး လမ်းကြောင်း ပေါ်မှာ ရှိနေ သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသင်း ရဲ့ ဝက်ဘ်ဆိုက် နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာတော့ တော်မီနေး က အသင်း ဟာ တစ်ကိုယ်တော် ဆု တံဆိပ် တွေကို ဆွတ်ခူး ရခြင်း က ကျေနပ် စရာ ကောင်းလှ ပေမယ့် အသင်း နဲ့ အတူ ဆု ဖလား ရယူ နိုင်ဖို့ ပစ်မှတ် ထားနေ တဲ့ အကြောင်း ပြောသွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

” တစ်ကိုယ်တော် ဆု တံဆိပ် နှစ်ကြိမ် လောက် ရယူ ဆွတ်ခူး ရခြင်း က ကျေနပ် ပျော်ရွှင် ဖွယ် ပါပဲ ။ ဒါဟာ ကောင်းမွန် တဲ့ ခံစားချက် တွေကို ဖြစ်ပေါ် စေပါတယ် ။ ဒါပေမယ့် ပွဲစဉ် တွေ များစွာ ကစား ရတဲ့ အချိန် မှာတော့ ဒီ ဆု တံဆိပ် ကို ရယူ နိုင်ဖို့ အတွက် တစ်ကယ် ပဲ ခက်ခဲ လှ ပါတယ် ”

” ဒါဟာ ကျွန်တော် တို့ အတွက် တစ်ကယ့် ကို အလုပ် ရှုပ်တဲ့ ရက် သတ္တပါတ် တစ်ခု လေ ။ ဒီ ဆုကို ရယူ နိုင်ဖို့ ထိုက်တန်သူ တွေ နောက်ထပ် သုံး ၊ လေးဦး လောက် ရှိကြ ပါ သေးတယ် ။ ကျွန်တော် ကတော့ ကံ ကောင်းတယ် လို့ ထင်မှတ် ပြီး မဲပေး ရွေးချယ် ခဲ့ ကြတဲ့ ပရိသတ် တွေကို ကျေးဇူး တင်လှ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့တွေ အတွက် ပိုပြီး အရေးကြီး လှတဲ့ အရာ တစ်ခု က ဘောလုံး ရာသီ တစ်ခု ရောက်ရှိ လာတဲ့ အချိန် အခါ မှာ အစုအဖွဲ့ နဲ့ အတူ အသင်း အတွက် ဆု ဖလား တွေကို ရယူ ဆွတ်ခူး နိုင်ရေး ပါပဲ ။ အဝတ်လဲခန်း ထဲက လူတွေ တိုင်းက အဲ့တာ ကို အသဲအသန် လိုချင် နေကြ ပါတယ် ”

” ကျွန်တော် တို့ဟာ ဒီ ရာသီ အတွင်း ဆု ဖလား သုံးလုံး ရယူ ဆွတ်ခူး နိုင်ခွင့် ရှိနေ ကြပါ သေးတယ် ။ ကျွန်တော်တို့ အားလုံး လည်း အဲ့တာ တွေကို ရှေးရှု နေကြ ပါတယ် ။ အသင်း အဖွဲ့ လိုက် ကြိုးစား အားထုတ် ရင်းနဲ့ ဆု ဖလား ရယူ နိုင်ဖို့ ဆိုတာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ပဲလေ ”

” အသင်း ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ရယူ ဆွတ်ခူး နိုင်တယ် ဆိုတာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အရာ တစ်ခု ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့က ဆု ဖလား ဆွတ်ခူး လိုနေ ကြတာ ပါ ။ အဲ့တာ က ကျွန်တော့် ရဲ့ အသင်း ဖော်တွေ မပါ ပဲနဲ့ ကျွန်တော် ရယူ ပေးလို့ မရ နိုင်ဘူး လေ ” လို့ တော်မီနေး က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

နိုင်ငံတကာ ပွဲစဉ် တွေ ပြန်လည် စတင် တော့မယ့် ရက် သတ္တပါတ် မတိုင်မီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနက်ဖြန် ည 8:30 အချိန် မှာ ပရီးမီးယား လိဂ် ပွဲစဉ် 12 အဖြစ် ဘရုုိက်တန် အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar