အသား အရောင် ခွဲခြား ထိုးနှက်မှု ( Racially Abused ) ကို ယနေ့ ခေတ် မှာ လက်မခံ ကြတော့ ပါဘူး ။ နေရာ အနှံ့မှာ လူသား ချင်း တန်းတူ ဆက်ဆံ ဖို့ ၊ အသား အရောင် နဲ့ လူမျိုးရေး ခွဲခြား မှုတွေ မပြုလုပ် ကြဖို့ နှိုးဆော် တိုက်တွန်း နေကြ ပါတယ် ။ အချို့ နိုင်ငံ တွေ မှာ ဆိုရင် ပြင်းပြင်း ထန်ထန် တားမြစ် သတိ ပေးမှု တွေ ပြုလုပ် ထားပြီး ကြီးမား တဲ့ အပြစ်ဒဏ် တွေလည်း ချမှတ် လေ့ ရှိကြ ပါတယ် ။

အင်္ဂလန် ပရီးမီးယား လိဂ် မှာ ဆိုရင် အသား အရောင် ခွဲခြားတဲ့ အပြု အမူ ၊ အပြော အဆို တွေ ကို ပြင်းပြင်း ထန်ထန် ဖိနှိပ် လို့ ထားပါတယ် ။ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ အသင်းဖော် မန်ဒီ ကို ကျီစယ် တဲ့ ဆိုရှယ်မီဒီယာ ပိုစ့် ကြောင့် FA ကို ဖြေရှင်းချက် ပေးနေရ ပါပြီ ။

ပွဲကစား ချိန်တွေ မှာ အသား အရောင် ခွဲခြား လှောင်ပြောင်တဲ့ ပရိသတ်တွေ ကိုလည်း ရုပ်သံ မှတ်တမ်းတွေ နဲ့ ဖမ်းယူပြီး ပြင်းထန်တဲ့ အပြစ်ဒဏ် တွေ ချမှတ် နေခဲ့ ပါတယ် ။ ဒါပေမယ့် ဥရောပ ရဲ့ အခြား နေရာတွေ မှာတော့ အင်္ဂလန် လို မဟုတ်သေး ပါဘူး ။

ရုရှ နဲ့ အီတလီ မှာ အသား အရောင် ခွဲခြားမှု နဲ့ ပတ်သက်ပြီး မတူညီ တဲ့ ခံယူချက် တွေ ရှိနေဆဲ ဖြစ် ပါတယ် ။ အထူး သဖြင့် အီတလီ ဟာ ဥရောပ ရဲ့ အင်အားကြီး ဘောလုံး နိုင်ငံ ဖြစ်နေ ပေမယ့် လူမျိုး ရေး နဲ့ အသား အရောင် ခွဲခြားမှု တွေ ဟာ ယနေ့ အချိန် အထိ ပြင်းထန် လို့ နေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ အပတ် တုန်းက ဘရက်စီးယား နဲ့ ဗီရိုနာ အသင်းတို့ ကစားခဲ့ တဲ့ ပွဲမှာ ဗီရိုနာ ပရိသတ်တွေ ဟာ ဘရက်စီယာ တိုက်စစ်မှုး ဘာလိုတယ်လီ အပေါ် အသား အရောင် ခွဲခြားတဲ့ ပြောဆို လှောင်ပြောင်မှု တွေ ပြုလုပ် ခဲ့ ပါတယ် ။ ဘာလိုတယ်လီ က လည်း ဗီရိုနာ ပရိသတ်ထဲ ကို ဘောလုံး ကန်ထည့်ပြီး ကွင်းထဲကနေ ထွက်ခွာ ဖို့ ပြုလုပ်ကာ တုန့်ပြန် ခဲ့ ပါတယ် ။

ဒီ အဖြစ် အပျက် ကို စီးရီးအေ အဖွဲ့ချုပ် က စုံစမ်းလျက်ရှိပြီး ထိုက်တန် တဲ့ အပြစ်ဒဏ် ကို ချမှတ်သွား မှာ ဖြစ် ပါတယ် ။ ဒါပေမယ့် ဒီလို အခြေအနေ မှာ ဘရက်စီယာ အသင်း ပရိသတ်တွေ ရဲ့ တုန့်ပြန်မှု ကတော့ အံ့အား သင့်စရာ ကောင်းခဲ့ ပါတယ် ။ အသား အရောင် ခွဲခြားခံရတဲ့ ဘာလိုတယ်လီ ဘက်ကနေ မရပ်တည် ဘဲ ဗီရိုနာ ပရိသတ်တွေ မှန်ကန်တယ်လို့ ယူဆလို့ ရတဲ့ ကြေညာချက် တစ်ခု ကို ယမန်နေ့က ထုတ်ပြန် သွားခဲ့ ပါတယ်

ဒီကြေညာချက် မှာ ဘာလိုတယ်လီ ဟာ စိတ်ခံစားချက် ပြင်းထန်လွန်းသူ ဖြစ်ကြောင်း နဲ့ ပြိုင်ဘက် ပရိသတ်တွေ ရဲ့ ထိုးနှက် ပြောဆိုမှု ကို တောင့်ခံနိုင် ဖို့ စိတ်ဓါတ် မကြံ့ခိုင် ပါက သူ့ရဲ့ နေရာ ကို အခြား တစ်ယောက် ၀င် ကစားဖို့ နေရာဖယ်ပေး သင့်ကြောင်းတွေ ပါ၀င် ခဲ့ ပါတယ် ။

ဒါ့အပြင် ဗီရိုနာ ပရိသတ် အဖွဲ့ ခေါင်းဆောင်ပိုင်း အချို့ ဟာလည်း ဘာလိုတယ်လီ ရဲ့ ကိစ္စ နဲ့ ပတ်သက်လို့ မီဒီယာတွေ ရဲ့ အလွန်အကျိူး ထိုးနှက်မှု တွေ ကြောင့် မကျေမနပ် ဖြစ်နေ ခဲ့ကြောင်း ၊ ဗီရိုနာ ပရိသတ် အဖွဲ့ဝင် အားလုံး အသားအရောင် ခွဲခြားမှု ပြုလုပ် ခဲ့တာ မဟုတ်ဘဲ ဒီလို ပြောဆိုမှု တွေ ဟာလည်း လူနေမှု အသိုင်း အဝိုင်းမှာ ရှိနေတဲ့ အရာမျိုး ဖြစ်ကြောင်း ပြောဆိုကာ ဘာလိုတယ်လီ ကို လိုတာထက် ပိုပြီး လုပ်ပြ သူ ဖြစ်သယောင် ရေးသား ဖော်ပြသွား ခဲ့ ပါတယ် ။

 

ဘာလိုတယ်လီ ရဲ့ ခွဲခြား ဆက်ဆံ ခံရမှု ကို ကမ္ဘာ တစ်ဝှမ်း က ပြစ်တင် ရှုံ့ချ နေချိန် မှာ ဒီလိုမျိုး ဘရက်စီယာ ဖန်ကလပ် ရဲ့ ကြေညာချက် ထွက်ပေါ် လာမှု ဟာ အလွန် အံ့အား သင့်စရာ ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် အီတလီ မှာတော့ ဒါဟာ အထူး အဆန်းမျိုး မဟုတ်ခဲ့ ပါဘူး ။

ရာသီ အစတုန်း က လည်း အင်တာမီလန် တိုက်စစ်မှုး လူကာကူ ဟာ ပြိုင်ဘက် အသင်း ပရိသတ်တွေ ရဲ့ အသား အရောင်ခွဲခြား လှောင်ပြောင်မှု ကို ခံခဲ့ရ ပါတယ် ။ အဆိုပါ ကိစ္စ အပေါ် နည်းပြ ကွန်တီ အပါ အဝင် ရှုံ့ချ သူတွေ ရှိခဲ့ ပေမယ့် အင်တာ မီလန် အမာခံ ပရိသတ် အဖွဲ့ ကတော့ ဒါကို အပြစ်တစ်ခုလို့ မမြင်ခဲ့ဘဲ ပြိုင်ဘက် အသင်းက ကစား သမား ကို စိတ် အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်တဲ့ အလေ့အထသာ ဖြစ် တယ်လို့ ထင်မိကြောင်း အံ့သြဖွယ် ပြောဆို လာခဲ့ ဖူး ပါတယ် ။

အသား အရောင် ခွဲခြားမှု တိုက်ဖျက်ရေး တွေ ဟာ ကမ္ဘာ တစ်ဝှမ်းမှာ အရှိန် အဟုန် မြင့်မြင့် နဲ့ လုပ်ဆောင် နေကြ ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီး ရဲ့ နေရာ အချို့ မှာတော့ ဒီ စည်းမျဉ်း ဥပဒေသ တွေ ကို မတူညီတဲ့ ပုံစံ ၊ မတူညီတဲ့ အယူ အဆတွေ နဲ့ ခံယူ ကျင့်သုံး နေကြဆဲ ပါပဲ . . .

SPORTS MYANMAR